(၄-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၄-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)နှင့် အမျိုးသားပြတိုက်(နေပြည်တော်) တိုအား သွားရောက်ကြည့်ရှုစစ်ဆေး

၂။ ဗဟိုဘဏ်မှစက်သုံးဆီ၊စားသုံးဆီနှင့် ဆေးဝါးကဏ္ဍများအတွက် ဒေါ်လာနှင့်ယွမ် ရောင်းချပေးမည်

၃။ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိင်ကော်မြိုနယ် ဒေသဖွံဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

၄။ မြန်မာ့အကျပ်အတည်း မကြာခင် ပြေလည်သွားလိမ့်မယ်လို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် မျှော်လင့်

၅။ အမျိုးသမီးသုံးဦးကို တရုတ်ယောကျ်ားနှင့် လက်ထပ်ရန်ရောင်းစားခဲ့သည့်အမျိုးသမီးအား အလုပ်နှင့်ထောင်ဒဏ် နှစ် ၃၀ ချမှတ်

၆။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိးမြိုရှိ တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲအား အဖွဲအစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ ထုတ်ပြန်

၇။ MNDAA က ဒေသခံများကို ဖမ်းဆီးကာစစ်တိုက်ခိုင်းနေသည်ဆိုသည့် သတင်းများကြောင့် ကွဲကွာနေသည့် မိသားစုများအကြား စိုးရိမ်မှုများ မြင့်တက်နေ

၈။ ဩဂုတ်လ ၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၇၆၄,၃၉၃ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၇၀ ကျပ်၊ Octane 95 – ၂၈၉၅ ကျပ်၊ Diesel – ၂၄၅၀ ကျပ်၊ Premium Diesel – ၂၉၂၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဘင်္ဂလားဒေ့ရှ်မှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေက ဟာစီနာ နုတ်ထွက်ဖို တောင်းဆို

၂။ အီရန်မှ ပြင်သစ်နိုင်ငံသားများ ထွက်ခွာကြရန် ပြင်သစ်အစိုးရ သတိပေးနှိးဆော်

၃။ အမေရိကန်က အရှေ့အလယ်ပိုင်းကို စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ တိုးမြှင့်စေလွှတ်မည်

၄။ ဆိုမာလီမြိုတော် မိုဂါဒီရှုးမှာ အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်တွေ အသေခံဗုံးခွဲလို အနည်းဆုံး ၃၂ ဦးအထက် သေဆုံး၊ သေဆုံးသူ ထပ်တိုးလာနိုင်

၅။ အမေရိကန်နှင့် ရုရှားအကြား သမိုင်းဝင်အကျဉ်းသားလဲလှယ်မှုသည် ရုရှားသမ္မတပူတင်အတွက် အောင်ပွဲတစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် ပြောကြား

၆။ ဆူဒန်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးသည် ဒေသတစ်ခုလုံးကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂ ပြောကြား

အားကစားသတင်းများ

၁။ မြန်မာ့လက်ရွေးစင် နောက်ခံကစားသမား ဇော်မင်းထွန်းကို ထိုင်းလိဂ်(၂) ကလပ် ထရတ်အသင်း ပြန်လည်ခေါ်ယူ

၂။ အင်္ဂလန်ဖိုက်တာကို အမှတ်နဲ့အနိုင်ရခဲ့တဲ့ မြန်မာဖိုက်တာဆွန်ရက်နဲ့ နိုင်သူရှုးသူနှစ်ယောက်စလုံး ဘတ် ၃၅၀၀၀၀ ဆုရခဲ့တဲ့ ပွဲကြမ်း

၃။ ယခုနှစ် အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲ အသင်း(၈)သင်း ယှဉ်ပြိုင်ကစားမည်

၄။ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ အာဂျင်တီးနား ဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်မည်

၅။ ဖူလ်ဟမ်အသင်းထံ ပြောင်းရွှေ့သွားတဲ့ စမစ်ရို

အနုပညာသတင်းများ

၁။ ရန်ကုန်တိုင်း သဘင်လူမှုကူညီစောင့်ရှောက်ရေး ရန်ပုံငွေ သဘင်၊ ရုပ်ရှင်၊ ဂီတ ပဒေသာကပွဲကြီး ကျင်းပ

၂။ တန်းတူအခွင့်အရေးပေးတယ်ဆိုပေမဲ့ LGBT တွေ ခွဲခြားခံနေရသေးတယ်ဆိုတဲ့ ရွှေယုံ

၃။ ပြက်လုံးတစ်လုံးကို ရယ်စေချင်လိုလုပ်ရာကနေ တခြားသူနစ်နာသွားမလားဆိုတာ သေချာတွေးပြီ ကိုယ်ချင်း စာပြီးပြက်ရမယ်ဆိုတဲ့ မောင်ကင်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထဲရေးဒုဝန်ကြီးနှင့် ရဲချုပ်တာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်အား စစ်ဘက်မူလ တာဝန်များ ပြန်ထမ်းဆောင်ရန် နစက ထုတ်ပြန်
Next post MNDAA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံ ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အသင်း အဖွဲ့များမှ သဘောထားများ ထုတ်ပြန်