Maharaja ရုပ်ရှင်အတွက် အနုပညာကြေးမယူပဲရိုက်ကူးခဲ့တဲ့ Vijay Sethupathi

ယခုနှစ်ထဲမှာရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာ Nithilan Swaminathan ရိုက်ကူးပြီး သရုပ်ဆောင် Vijay Sethupathi နဲ့ Anurag Kashyap တို့ရဲ့ action ​drama thriller ရုပ်ရှင် Maharaja ဟာ ဝင်ငွေအရ အိန္ဒိယရူပီးကုဋေ ၁၀၀ ကျော်ရရှိခဲ့သလို ပရိသတ် တွေနဲ့ ဝေဖန်ရေးသမားတွေကြားမှာလည်း ရလဒ်ကောင်းတစ်ခုရရှိခဲ့ပါတယ်။

နောက်ဆုံးသိရှိထားတဲ့ သတင်းအချက်အလက်တွေအရ Vijay Sethupathi ဟာ Maharaja ရုပ်ရှင်အတွက် အနုပညာကြေး မယူပဲ အခမဲ့ရိုက်ကူးဖန်တီးပေးခဲ့ကြောင်း သိရှိရပါတယ်။ Maharaja ရုပ်ရှင်ဟာ ရိုက်ကူးရေးဘတ်ဂျက် အိန္ဒိယရူပီး ၂၀ ကုဋေ သာ ရရှိခဲ့တာကြောင့် Vijay Sethupathi အနေနဲ့ အနုပညာကြေးမယူပဲ ရိုက်ကူးပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ရင်းမြစ် တချို့အရ သိရပါသေးတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Vijay Sethupathi အပါအဝင် Maharaja ရုပ်ရှင်ရဲ့ ထုတ်လုပ်သူတွေဘက်က တစ်စုံတစ်ရာအတည်ပြုဖြေရှင်းခြင်းမရှိသေးပါဘူး။

Maharaja ရုပ်ရှင်မှာ Vijay Sethupathi ဟာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဆံသဆရာနေရာကနေ ပါဝင်ထားတာဖြစ်ပြီး ရုပ်ရှင်ရဲ့ climax ဖြစ်လာမယ့် ရဲတွေကိုတတိယအကြိမ်ဇာတ်လမ်းရှင်းပြတဲ့ဇာတ်ဝင်ခန်းမှာ Vijay Sethupathi ဟာ ရိုက်ကူးရေးပြုလုပ်စဥ်မှာတင် အမှန်တကယ်ငိုမိခဲ့ကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။

Maharaja ရုပ်ရှင်ဟာ အမှိုက်ပုံးတစ်ပုံးပျောက်သွားလို့ ရဲစခန်းမှာတိုင်ချက်ဖွင့်ရာကနေ ဖြစ်ပေါ်လာတဲ့ ဆံသဆရာ တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ပြသထားတာဖြစ်ပြီး Vijay Sethupathi နဲ့ Anurag Kashyap တို့နဲ့အတူ Mamta Mohandas, Natarajan Subramaniam, Abhirami Gopikumar, Singampuli, Aruldoss, Munishkanth, Sachana Namidass, Manikandan နဲ့ Bharathiraja တို့လည်း ပါဝင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပရိသတ်အချစ်တော် ” မိုဂျီ ” လေးရဲ့ (၅) နှစ်ပြည့် မွေးနေ့အမှတ်တရ လူ (၁၀၀) စာ အလှူ
Next post (၃-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ