ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝန်ထမ်းတစ်ဦးက ခရီးသည်၏ Laptop ကို ခိုးယူမှုဖြစ်ပွားရာ ဖမ်းဆီးရမိ

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဝန်ထမ်းအမျိုးသားတစ်ဦးက ခရီးသည်၏ Apple Laptop ကို ခိုးယူမှု ဖြစ်ပွားခဲ့ သည်မှာ ဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံရဲစခန်းက သိရသည်။

Kay Khine Myint အမည်ဖြင့် Facebook အသုံးပြုသူတစ်ဦးက သူမ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင်YACL ( ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Yangon Aerodrome Company Ltd တွင် အလုပ်လုပ်နေသော လေဆိပ်ဝန်ထမ်းတစ်ဦးက သူမ၏ Apple အမှတ်တံဆိပ် Laptop ကို ခိုးယူသည့်အတွက် ကိုယ်တိုင်ကွင်းဆင်းကာ သူခိုးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားထားခြင်း ဖြစ်သည်။

Kay Khine Myint အကောင့်ပိုင်ရှင်က “တညနေလုံး ဆားပုလင်းနှင်းမောင်လုပ်ပြီး ခုဘဲ မင်္ဂလာဒုံရဲစခန်းကနေ အိမ်ပြန် ရောက်ပါပြီ.. သူခိုးလဲ လောလောဆယ် မင်္ဂလာဒုံ အချုပ်ခန်းထဲမှာအငြိမ်းစားရသွားပါပြီ..ဘဝမှာ ခရီးသည် တွေရဲ့အိတ် ကို ဖောက်ချင်တိုင်းဖောက် ခိုးနေတဲ့ လေဆိပ်ကသူခိုးကို ကိုယ်တိုင်ရဲနဲ့အတူလိုက်ပြီး ဖမ်းလ်ုက် နိုင်တာအကျေနပ်ဆုံး၊ အားအရ ဆုံးဘဲ.. Vietnam ရောက်ပြီးနောက်ရက် Laptop ပျောက်တာ MAI ကို complain တက်တော့ သူတို့က Vietnam ဘက်က ခိုးတာလဲဖြစ်နိုင်တယ်ဆိုပြီးလွှဲချသေးတာ.. ဘယ် ဘက်က ခိုးလဲ မသိဘူး၊ MAI စီးတာပစ္စည်းပျောက် လို့ MAI မှာတာဝန် ရှိတယ်.. MAI ကဘဲ တာဝန်ယူရှာပေးပါ.. မရ ရင်ရေဆုံး ရေဖျား လိုက်မှာလို့ ပြောခဲ့ပေမယ့် ဘာမှ မလုပ်ပေး ကြဘူး.. သူတို့သာ အိတ်သွားတဲ့လမ်းကြောင်း တလျှောက် CCTV ကြည့်ပြီးရှာပေးခဲ့ရင် ခုလိုရုံး ရောက် ဂါတ်ရောက်တွေလဲ လုပ်ဖြစ်မယ်မထင်ဘူး.. ဖမ်းမိ ရတဲ့အဓိကအကြောင်းရင်းက Apple မို့လို့.. location ပေါ်နေလို့ အလွယ်တကူဖမ်းလို့ ရတာ..၂၇ ည မြန်မာ ပြည်ပြန်ရောက်ပြီး ၂၈ ညနေ မမအေး၊ မမျိုးတို့ နဲ့အတူ Hot Pot စားကြရင်း မမျိုးက  Laptop ကို Find my မှာရှာကြည့်ဖို့ပြောတော့ ဖုန်းထဲက find my မှာကြည့်လ်ုက်တာ သာကေတအဝိုင်းနားက ရွှေအုတ်ဂူလမ်းမှာ Laptop location ကပေါ်နေတာ.. 😱ဒါပေမယ့် Vietnam သွားတဲ့ည ၂၃ ရက်နေ့ ၇:၂၅ မှာနောက်ဆုံးလာ ပေါ်နေတာ.. ၂၃ နဲ့ ၂၈ ကြားက location ကတော့ ပေါ်မနေဘူး..ဒီကြားထဲ ရောင်းများစား လိုက်ပြီလား လဲမသိနိုင်..၂၈ ရက်နေ့ ညတွင်းချင်း ကိုယ်က မင်္ဂလာဒုံရဲ စခန်းမှာအမှုသွားဖွင့်၊ ရုံးက Admin & HR manager ကို location ပေါ်တဲ့ သာကေတ ကနေရာကို သွားကြည့် ခိုင်းလိုက်တော့ လေဆိပ်ဝန်ထမ်းတစ်ဦး အဲ့ နားမှာ နေတယ်ဆိုတာသိလာရတယ်..ညတွင်းချင်းဘဲ ခရေပင် လမ်း ခွဲက ရဲတွေကိုခေါ်၊ သာကေတကို မောင်း … အဲ့ရက်ကမိုးတွေနေ့ရော ညရောရွာ တဲ့ကာလ.. လမ်းတောင် ဘာမှမမြင်ရ.. သာကေတကနယ်မြေရဲတွေရယ်၊ အုပ်ကြီးရယ်နဲ့ရဲတွေက မေးမြန်းချိတ်ဆက်ခဲ့ပေမယ့် လူကဘယ်သူဘယ်ဝါ မသေချာ သေးလို့ ရဲတွေက ဝင်မဖမ်းခဲ့ကြဘူး..ညကြီးသန်းခေါင် လေထဲမိုးထဲ ခရေပင် လမ်းခွဲကနေ သာကေတ၊ သာကေတကနေ ခရေပင်လမ်းခွဲ.. ရန်ကုန်မြို့ရဲ့ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ကို မိုးထဲလေထဲ ကူးချည်သန်းချည် မောင်းနေခဲ့တာ 😆😆ဒီကြားထဲတော့ ရဲကသူ့ဘာသာလေဆိပ်မှာ စုံစမ်း စစ် ဆေးတာတွေ လုပ်နေတာ..ဒီနေ့ မနက် ၁၁ နာရီမှာ ဖုန်းထဲက find my က Notification မှာ ပျောက်နေတဲ့ Laptop ရဲ့ location လာပေါ်တာ.. နဂိုနေရာမှာဘဲ Laptop. က ရှိနေသေးတယ်ဆိုတဲ့ သဘော.. ဒီမနက်ထိ laptop ရှိနေတာသေချာနေမှတော့ ရဲကိုဖုန်းဆက် ပြောပြီးသွားဖမ်းလိုက်တာ..ဖမ်းမိတော့ ၃ လုံးတောင် .. အကုန် Apple ချည်းဘဲမို့ သူခိုးတိုင်ပတ်.. ဘာမှ လုပ်မရဘူး..အဓိကကတော့ Apple ဖြစ်နေလို့၊ location ပေါ်နေလို့ အလွယ်တကူမိတာပါ…Apple ရဲ့နည်းပညာမြင့်မားချက်.. အားပေးရကျိုး နပ်ပါတယ်.. တခြား laptop သာဆို ပြန်ရဖို့ မရှိဘူး.. ဒီနေ့မိုးထဲ လေထဲ ရဲတွေနဲ့ သူခိုးဖမ်းခဲ့ရတာတော့ဘဝမှာအမှတ်တရ ပေါ့..ခိုးတဲ့ သူက YACL ( Yangon Aerodrome Company Ltd ) မှာအလုပ်လုပ်တဲ့ ဝန်ထမ်းပါ ဘယ်လေကြောင်း လိုင်း ကမှ မဟုတ်ပါဘူး..ခရီးသည်တွေရဲ့ အိတ်ကိုဖောက်၊  အကြီးစားခိုးနေတဲ့ လေဆိပ်ဝန်ထမ်းကို ဖမ်းမိတာ အရမ်းကို ကျေနပ်တယ်.. အားရ တယ်..လေဆိပ်မှာ ခိုးနေတာလေး ကာလတခုထိတော့ ရပ်တန့်လောက်ပါရဲ့… (သတ်ပုံမူရင်း)”ဟု ရေးသားထားသည်။

ထိုဖြစ်စဥ်တွင် ဖမ်းဆီးထားသူ YACL လေဆိပ်ဝန်ထမ်းကို မင်္ဂလာဒုံရဲစခန်းက (ပ)၁၅၈/၂၀၂၄ ဖြင့် အမှုဖွင့်ကာ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့်အရေးယူ၍ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ပုံစာ။ Kay Khine Myint အကောင့်ပိုင်ရှင်က တင်ခဲ့သည့် Laptop ခြေရာခံမှုပုံရိပ် (Photo – Kay Khine Myint)

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ မန်းချောင်းရေ ၃ ပေခန့် ဖြတ်ကျော်စီးဆင်း
Next post (၃-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်