ဘားအံရေကြီးမှုစံချိန်အသစ်သို့ရောက်ရှိ

၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ ၂၈ ရက်

ကရင်ပြည်နယ်မြို့​တော် ၊ဘားအံမြို့မှာ ​ရေကြီးနစ်မြုတ်​နေပြီး မြို့လယ်ဗိုလ်ချုပ်လမ်းကလွဲလို့ကား​တွေသွားလာလို့မရ​တော့ပါဘူး။ဒီက​နေ့ကစပြီး အ​ဝေး​ပြေးခရီးသည်​တင်ကား​တွေလည်းမထွက်ခွာနိုင်​တော့ဘူးလို့သိရပါတယ်။

သံလွင် မြစ်ရေ အမြင့်ဆုံးတက်ခဲ့တဲ့ ရေမှတ်မှာ၊ (၃၀.၇.၂၀၁၈)တုန်းက ၉၃၈စင်တီမီတာဖြစ်ပြီး လက်ရှိ (၂၈-၇-၂၀၂၄)ရက်​နေ့ မှာရေမှတ် ၉၅၁ စင်တီမီတာကိုရောက်နေပါပြီ။

အမြင့်ဆုံးတက်ခဲ့သော ရေမှတ်ထက်ကို ၁၃စင်တီမီတာကျော်လွန်နေတာ​ကြောင့်ဘားအံမြို့ရဲ့ရေကြီးမှု စံချိန်အသစ်ကို ရောက်ရှိနေပါတယ်လို့ ဒေသခံတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့က မြဝတီ ရေဘေးရှောင်စခန်း(၂)ခုအတွက် ထောက်ပံ့လှူဒါန်း
Next post ပဲခူးတမြို့လုံးနီးပါး ရေကြီးနေပြန် ၊ ယာယီစခန်း၂၇ ခု ဖွင့်ထားပြီး တိုးဂိတ်နဲ့ တံတားလည်းပိတ်