House of the Dragon အပိုင်းသစ်က လက်တန်း သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခု

ဇူလိုင် ၂၄၊ ၂၀၂၄

HBO ဇာတ်လမ်းတွဲ House of the Dragon ဟာ လက်ရှိမှာ Season 2 ရဲ့ အပိုင်း ၆ ပိုင်းကို ပြသခဲ့တာဖြစ်ပြီး Season 2 အဆုံးသတ်ဖို့ နှစ်ပိုင်းသာကျန်ရှိတော့တာဖြစ်ပါတယ်။

House of the Dragon Season 2 ရဲ့ နောက်ဆုံးထွက်အပိုင်းသစ် အပိုင်း ၆ မှာ ပြသလာတဲ့ ဇာတ်ဝင်ခန်းတစ်ခုဟာ ကြည့်ရှုသူတွေကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။ အဆိုပါဇာတ်ဝင်ခန်းမှာ Black ဘုရင်မ Rhaenyra Targaryen နဲ့ ၎င်းရဲ့လူယုံတစ်ဦးဖြစ်လာသူ Myseria တို့ အနမ်းချွေခဲ့ကြတဲ့ဇာတ်ဝင်ခန်းကိုပြသခဲ့တာဖြစ်ပါတယ်။ Mysaria ဟာ Rhaenyra Targaryen ရဲ့ ခင်ပွန်းဖြစ်သူ Daemon Targaryen ရဲ့ ကိုယ်လုပ်တော်တစ်ဦးလည်းဖြစ်ခဲ့ဖူးတာကြောင့် Rhaenyra နဲ့ Mysaria တို့ရဲ့ အနမ်းခန်းဟာ ပရိသတ်တွေကို အမြင်ကျယ်စေခဲ့ပုံပါပဲ။

ထူးခြားချက်အနေနဲ့ အဆိုပါဇာတ်ဝင်ခန်းဟာ ဇာတ်ညွှန်းထဲမှာမပါတဲ့ ဇာတ်ဝင်ခန်းဖြစ်ပြီး သရုပ်ဆောင်တွေဟာ လက်တန်း ဖန်တီးခဲ့ကြတာဖြစ်ကြောင်း Mysaria သရုပ်ဆောင် Sonoya Mizuno က ဖွင့်ချလာပါတယ်။ မူရင်းဇာတ်ညွှန်းမှာ သရုပ်ဆောင်တွေနမ်းကြတဲ့အနေအထားမပါဝင်ကြောင်း Sonoya Mizuno က The Wrap သတင်းစာနဲ့ အင်တာဗျူးတစ်ခု မှာ အခုလိုပြောပြလာတာပါ။

“နမ်းတယ်ဆိုပြီး ဇာတ်ညွှန်းရေးထားတာမပါပါဘူး။ သူတို့နှစ်ယောက်ကြားမှာ အသက်ရှုသံလား ဘာလား တစ်ခုခုပဲ အဲလိုမျိုး ရေးထားတာပါ၊ နောက်တော့ တစ်ခုခုကကြားဖြတ်လိုက်တယ်ပေါ့၊ အဲလိုမျိုး။”Sonoya Mizuno ရဲ့ Mysaria ဟာ House of the Dragon မှာ အရေးပါတဲ့ဇာတ်ကောင်ဖြစ်လာသလို မူရင်းဝတ္ထု Fire & Blood မှာလည်း Mysaria ပါဝင်ထားပါတယ်။

အပိုင်းသစ် ၆ ဟာ House of the Dragon Season 2 ရဲ့ လူကြိုက်အနည်းဆုံးအပိုင်းတစ်ပိုင်းဖြစ်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရှမ်းယူနိုက်တက်အသင်း ကာဆူကာ အသင်းကို (၃) ဂိုးသွင်းယူ အနိုင်ရရှိ
Next post (၂၅-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်