ဗိုလ်တထောင်ဘုရား၌ လူ(၅၀၀)ကျော်ကို စတုဒိသာလှူဒါန်း ခဲ့သော သရုပ်ဆောင် အဆိုတော် ရွှေဖြူနန်းနွယ်

ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ဘုရားရင်ပြင်တော်မှာ ဇူလိုင်လ(၂၀)ရက် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်)နေ့ မနက်(၁၀)နာရီ အချိန်လောက်ကစတင်ပြီး ဘုရားဖူးလာပြည်သူအယောက်(၅၀၀)ကျော်ကို စတုဒိသာကျွေးမွေး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။

အခုလို စတုဒိသာကျွေးမွေးလှူဒါန်းမှုတွေကို သာသနာပြု ပရဟိတ ဂုဏ်ထူးဆောင် သရုပ်ဆောင် အဆိုတော် ရွှေဖြူနန်းနွယ် က လှူဒါန်းတာဖြစ်ပြီး လူအယောက်(၅၀၀)ကျော်ကို ထမင်းနဲ့ဟင်း စတုဒိသာအပြင် အလို တော်ပြည့် ဘုရားတွေနဲ့ ရွှေတံခါး ဆေးတွေကိုလည်း လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

အခုလို လှူဒါန်းမှုတွေကို လပြည့်နေ့တိုင်း ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလှူဒါန်းမှုနဲ့ဆိုရင်(၁၈)ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။လှူဒါန်းမှုတိုင်းမှာလည်း လူအယောက်(၅၀၀)စာ ခန့်မှန်းထားပေမယ့် လူ(၅၀၀)ကျော်မက လှူဒါန်းဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၀-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ