စစ်သွေးကြွများ မိုင်းခွဲဖျက်ဆီးခဲ့သည့် ကရင်လေးဆိပ်တံတား ယာယီမြေဖို့ပြီး ကားများစတင်ဖြတ်သန်းနေ

မွန်ပြည်နယ်၊ သထုံပြည်နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ KNU/PDF စစ်သွေးကြွများ ယနေ့ မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးထားသည့် ကရင်လေးဆိပ်တံတားကို ယာယီမြေဖို့ပြီး ကားများ စတင်ဖြတ်သန်းနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်း သထုံမြို့နှင့် ဘီးလင်းမြို့ကြားရှိ ကရင် လေးဆိပ်တံတားကို စစ်သွေးကြွ KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် အရှည် (၁၀)ပေ အကျယ် (၅၄)ပေရှိ ကရင်လေးဆိပ်တံတား ကျိုးကျပျက်စီးခဲ့ကာ ရန်ကုန်-မော်လမြိုင် သွားလာမည့်ယာဉ်များ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်။

လက်ရှိအချိန်တွင် ပျက်စီးသွားသည့် ကရင်လေးဆိပ်တံတားနေရာအား ယာယီမြေဖို့ကာ တန်းစီစောင့်ဆိုင်းနေသည့် ယာဉ်များကိုအလှည့်ကျစနစ်ဖြင့်  ဖြတ်သန်းခွင့် ပြုနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၇-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post Trailer ထဲမှာrap သီချင်းထည့်ထားလို့ အဆဲခံနေရတဲ့ Gladiator II