” နို့ထမင်း ” ရုပ်ရှင်ဇာတ်ကားကြီး Press Show ကျင်းပ

” နို့ထမင်း ” ရုပ်ရှင်ဇာတ်ကားကြီး Press Show အခမ်းအနားကို ဇူလိုင် ၁၆ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနဲ့ စာနယ်ဇင်း မီဒီယာများ တက်ရောက်ခဲ့ကြပါတယ်။

နို့ထမင်း ရုပ်ရှင်ဇာတ်ကားကြီးကို ခတ္တိယ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဇာတ်လမ်း မြင့်ဦးဦးမြင့်, ဇာတ်ညွှန်း အင်ကြင်းဟန်, DOP အကယ်ဒမီ ဝင်းလွင်ထက်, ဒါရိုက်တာ ဝင်းထွန်းထွန်း(အနုပညာပြချက်) ရိုက်ကူးပုံဖော်ထားပြီး အကယ်ဒမီ မြင့်မြတ်, ဖြိုးငွေစိုး,ဖြိုးလေး,စစ်နိုင်,ချာလီ,ထူးခြား, အကယ်ဒမီ ခင်ဝင့်ဝါ,အကယ်ဒမီ စိုးမြတ်သူဇာ, ဝေလာရီ, ဇော်ဝင်းနိုင်(မန်း),ကေညီ,ဝါဝါအောင်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

” နို့ထမင်း ” ရုပ်ရှင်ဇာတ်ကားကြီး Press Show အခမ်းအနားပွဲသို့ တက်ရောက်လာသော အနုပညာရှင်,အတတ်ပညာရှင် များ၏ ပုံရိပ်များကို DBN ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နစက၏ ၂ဝ၂၄ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပ
Next post မရှိမဖြစ် သုံးနေရသည့် ဆေးဝါးများကို ပြည်သူထံ တိုက်ရိုက်ရောင်းချမည်