ပုဂ္ဂလိကဘဏ်များတွင် ငွေသားများ ပုံမှန်အတိုင်း ထုတ်ယူ နိုင်ပြီး ATM စက်များတွင်လည်း ငွေထုတ်ယူနိုင်

ပုဂ္ဂလိကဘဏ်များတွင် ငွေသားများကို ပုံမှန်အတိုင်းထုတ်ယူနိုင်ပြီး ATM စက်များတွင်လည်း ငွေထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်များမှ အသိပေးကြေညာထားသည်။ ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ဘဏ်များ၌ ပုံမှန်အတိုင်း ငွေများ ထုတ်ပေးနေပြီး  AYA Bank ဘဏ်ခွဲမှ Saving Account မှ ငွေထုတ်ယူလိုပါက ကြိုတင်၍ Booking ရယူရန်မလိုအပ်ဘဲ တစ်ပတ်လျှင် သိန်း ၁၀၀ ကျပ် ထုတ်ယူနိုင်ပြီး Special Accountတွင် အပ်နှံထားသော ငွေသားများအား နီးစပ်ရာ ဘဏ်ခွဲ များတွင် အကန့်အသတ်မရှိ ထုတ်ယူနိုင်ကြောင်း သိရသည်။

ထို့ပြင် AYA ATM များတွင် AYA ATM Cardများနှင့် ငွေသားထုတ်ယူနိုင်ကြောင်း ကြေညာထားပြီး၊ CB Bank ATM (ငွေထုတ်စက်များ)၊ CRM (ငွေသွင်း/ငွေထုတ်စက်များ) တွင်ငွေဖြည့်တင်းထားရှိပေးထားကြောင်း အသိပေးကြေညာ ထားသည်။ “ဒီနေ့ ရိုးမဘဏ်က သိန်း ၅၀ ထုတ်ခဲ့တယ်။ သိန်း ၂၀၀ ကျော်ရင် လည်းထုတ်ပေးတယ်လို့ ပြောတယ်” ဟု ဘဏ်တွင်ငွေထုတ်ယူသူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post “တောဝင်စား”ဇာတ်လမ်းတွဲ ရိုက်ကွင်းမှာ ထက်ယံကို သရဲပူး ကပ်သလိုဖြစ်လို့ ရှုတင်ရပ်ဆိုင်းလိုက်တဲ့အထိဖြစ်ခဲ့ရတယ်လို့ ဒါရိုက်တာ ပီကေ ဖွင့်ဟ