“တောဝင်စား”ဇာတ်လမ်းတွဲ ရိုက်ကွင်းမှာ ထက်ယံကို သရဲပူး ကပ်သလိုဖြစ်လို့ ရှုတင်ရပ်ဆိုင်းလိုက်တဲ့အထိဖြစ်ခဲ့ရတယ်လို့ ဒါရိုက်တာ ပီကေ ဖွင့်ဟ

ထိတ်လန့်ခြောက်ခြားဖွယ် Horror ဇာတ်လမ်းပုံစံ “တောဝင်စား”ဇာတ်လမ်းတွဲ ရိုက်ကွင်းမှာ ထက်ယံကို သရဲပူးကပ်သလို ဖြစ်သွားလို့ ရှုတင်ရပ်ဆိုင်းလိုက်တဲ့အထိဖြစ်ခဲ့ရတယ်လို့ ဒါရိုက်တာ ပီကေက ပြောပါတယ်။

“တောဝင်စားကို ကျွန်တော်တို့ ၂၀၂၀ လောက်ကတည်းက ရေးပြီး ရိုက်ကူးဖို့လုပ်ရင်း အကြောင်းကြောင်းကြောင့် နည်းနည်း ကြန့်ကြာခဲ့တယ်။ ဒီကားက ထိတ်လန့်ခြောက်ခြားစရာ တောထဲကဇာတ်မို့ တော်တော်များများ ပင်ပန်းခဲ့ကြပါတယ်။ ဆင်စခန်းတွေလည်း ရိုက်ရတာဆိုတော့။ ဒီကားရိုက်ကူးချိန်မှာ အမှတ်တရကတော့ ထက်ယံရိုက်ချိန်မှာ သူအရမ်းပင်ပန်း ပြီးတော့ အရမ်းဆိုးဆိုးကြုံခဲ့ရတယ်။ ချောင်းသာမှာ ရိုက်ခဲ့တာဆိုရင် သူမသိလိုက်ဘဲ သရဲခေါ်တဲ့ အခန်းရိုက်တော့ သူမသိ လိုက်ဘူး။ အမဲသားတွေရော ဘာတွေရောပေါ့။ ကွင်းကြီးမှာရိုက်တော့လေ။ ပထမ ကြိုမတောင်းပန်မိတော့ ညပိုင်း ထက်ယံကို အသက်ရှုကြပ်တဲ့ ဆင်းန်ရိုက်ချိန်မှာ သူ့ကိုတကယ် သရဲပူးသလို၊ ဝင်စီးကပ်သလို ဖြစ်သွားတယ်။ သူတော်တော် ပင်ပန်းပြီး တစ်ရက်လောက် ပြန်ပေးနားခဲ့ရပါတယ်။ ရှူတင်နေရာက ကြမ်းတော့ ညတိုင်း တောင်းပန်ခဲ့ရပါတယ်” လို့ ဒါရိုက်တာ ပီကေက ပြောပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ပီကေက ရေးသားထားပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ဖြိုးလေး၊ ထက်ယံ၊ သံသာမိုးသိမ့်၊ Aငြိမ်းဖြူ၊ သားညီ၊ စည်ဖြိုး၊ ဂျေးဟိုက်(G)၊ လင်းသစ်အောင် စတဲ့အနုပညာရှင်တွေနဲ့ရိုက်ကူးထားပါတယ်။

မိနစ် ၃၀ စာ အပိုင်း ၃၀ ပါဝင်တဲ့ “တောဝင်စား” ဇာတ်လမ်းတွဲကိုတော့ လာမယ့် စက်တင်ဘာလ ၂ရက်နေ့မှာ Canal+ Channel နဲ့ Canal Zatlenn ရုပ်သံလိုင်းတွေက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပုဂ္ဂလိကဘဏ်များတွင် ငွေသားများ ပုံမှန်အတိုင်း ထုတ်ယူ နိုင်ပြီး ATM စက်များတွင်လည်း ငွေထုတ်ယူနိုင်
Next post (၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံတိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန် အသိပေး