သမီးဦးလေးမွေးဖွားခါနီးမှာ အချင်းလည်ပင်းပတ် သွားတာကြောင့် အချိန်မီ ခွဲစိတ်မီးဖွားပေမဲ့ ရင်သွေးငယ် ဆုံးရှုံးလိုက်ရတယ်လို့ ရင်ဖွင့်လာတဲ့ အဆိုတော် နိုင်းဝမ်း

တေးသီချင်းတွေကြောင့် ပရိသတ်ချစ်ခင်မှုကိုရရှိထားတဲ့ အဆိုတော် နိုင်းဝမ်းကတော့ သမီးဦးလေးမွေးခါနီး အချင်းက လည်ပင်းပတ်သွားတာကြောင့် အချိန်မီ ခွဲစိတ် မီးဖွားပေမဲ့ ရင်သွေးငယ် ဆုံးရှုံးလိုက်ရတယ်လို့ ရင်ဖွင့်လာပါတယ်။

“ကျွန်တော်တို့လင်မယား အများကြီးမျှော်လင့်ချက်တွေထားခဲ့ပြီး၊ အရမ်းချစ်ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ သမီးဦးရတနာလေး။ ကိုယ်ဝန် ၉ လကျော်ခဲ့ပြီးမှ ခွဲစိတ်မွေးဖွားဖို့ ရက်မရောက်ခင် ၂ ပတ်ပဲလိုတော့လို့ အစစအရာရာ ဂရုတစိုက်နေထိုင်ရင်းနဲ့ စောင့်နေကြတဲ့ကြားကမှ ဒီနေ့ညပိုင်းမှာ လုံးဝမမျှော်လင့်ထားခဲ့ဘဲ အချင်း လည်ပင်းကိုပတ်သွားခဲ့ပြီး သိသိချင်း ဆေးရုံမှာ ချက်ချင်း ခွဲထုတ်မွေးခဲ့ပေမဲ့ သမီးလေးရဲ့အသက်ကို မမှီလိုက်နိုင်ခဲ့ပါခင်ဗျာ” လို့ အဆိုတော်နိုင်းဝမ်းက ပရိသတ်ကို ရင်ဖွင့်လာာပါတယ်။

သူဟာ ဇူလိုင် ၁၃ ရက် ညပိုင်းက သမီးဦးလေးကို ဆုံးရှုံးလိုက်ရတာကို စိတ်မကောင်းစွာ ရင်ဖွင့်ပြောပြလာတာပါ။ အဆိုတော်နိုင်းဝမ်းရဲ့သမီးဦးလေးဟာ ၉ လကျော်တဲ့အထိတောင် ဘာရောဂါမှမရှိ၊ ခြေလက်အင်္ဂါအစုံအလင်နဲ့ အရာရာကောင်းမွန်နေတဲ့ကလေးလေးဖြစ်ပြီး ဒီရက်ပိုင်းလေးမှာ မွေးခါနီးဖြစ်ချိန်မှ အခုလိုကံတရားမျိုး ကြုံတွေခဲ့ ရတာလည်းဖြစ်ပါတယ်။ အဆိုတော်နိုင်းဝမ်းတို့ ဇနီးမောင်နှံဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက အိမ် ထောင်သက် ၃ နှစ်ပြည့်မှာ ပထမဆုံး ရင်သွေးကိုယ်ဝန်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

” မိခင်ရဲ့ကျန်းမာရေးကတော့ အခုအဆင်ပြေပါပြီ..ဒီရက်ပိုင်းမှ မိန်းမရဲ့အမေကလည်း သွေးဖြူဥကင်ဆာရောဂါ စတင်ဖြ စ်နေမှန်း သိလိုက်ရတာကြောင့် အခုဆို ကျွန်တော့မိန်းမမှာလည်း များစွာစိတ်ထိခိုက်နေပါတယ်..ကျွန်တော်တို့တွေ ပြောမပြတတ်လောက်အောင်ခံစားနေရတဲ့အတွက် အားလုံးနဲ့အဆက်အသွယ်မလုပ်ချင်တာ နားလည်ပေးကြပါခင်ဗျာ” လို့ သူက ဆက်ပြောပါတယ်။

သူတို့ဟာ ကလေးမယူတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အမေတူသမီးလေး ဘဝထဲဝင်လာလို့ မိန်းမကိုချစ်လွန်းတဲ့စိတ်နဲ့ ရူးလောက်အောင်ပျော်ခဲ့ရသူလည်းဖြစ်ပြီး အမေနဲ့တစ်ပုံစံတည်းတူတဲ့သမီးလေးကို အသက်ရှင်လျက် မမြင်ရတော့ ရင်နင့်စွာ ခံစားခဲ့ရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၄-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၄-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ