နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အမည်မည်းစာရင်း ( Black Lists ) တွင် ပါဝင်နေသူများအား ဖြေလျှော့ပေးမည်ဟု နစက ထုတ်ပြန်

အမည်မည်းစာရင်း ( Black Lists ) တွင် ပါဝင်နေသည့် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သူများအား ဖြေလျှော့ပေး မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်း အချို့သည် အကြောင်း အမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့် အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း(Black Lists) တွင် ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံး ရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင် များ၏ လူမှုဘဝ များလည်း နစ်နာလျက်ရှိကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပါနစ်နာမှုများအား ကုစားပေးနိုင်ရန် နစက အနေဖြင့် ယင်းဝန်ထမ်း များအား လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းခြင်း ရာအပေါ်မူတည်၍ အမည်မည်းစာရင်း (Black Lists)မှ ပယ် ဖျက် ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာ နိုင်ရန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ဇူလိုင်လ ၁၅ ရက်က စ၍ မိမိတို့ တာဝန်ထမ်းဆောင် ခဲ့သည့် သက်ဆိုင်ရာဌာနများသို့ ပြန်လည် သတင်းပို့ကြ ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Bo Bo Film Production မှဦးစီးပြီး ကျန်းမာရေးအလှူ ပြုလုပ်
Next post (၁၃-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်