မင်္ဂလာပွဲအထိမ်းအမှတ် လူ ၃၅၀၀၀၀ ခန့်ကို စတုဒီသာ ထမင်းကျွေးမွေးခဲ့သော အိန္ဒိယ ဘီလျံနာ မိသားစု

အမေရိကန်ဒေါ်လာ တစ်ဘီလျံ အကုန်ကျခံပြီး မင်္ဂလာပွဲတွေ မပြီးနိုင်မစီးနိုင် ကျင်းပနေကြတဲ့ အိန္ဒိယ ဘီလျံနာ မူကေ့ရှ် အမ်ဘာနီသားအငယ်ရဲ့ မင်္ဂလာပွဲကို အားကျနေသူတွေရှိသလို မလိုအပ်ပဲ ဖြုန်းတီးတယ်ဆိုပြီး ကဲ့ရဲ့သူတွေလည်းရှိပါတယ်။

အမ်ဘာနီ မိသားစုဟာ တစ်ဖက်မှာ ဒေါ်လာသန်း ရာချီသုံးပြီး မင်္ဂလာပွဲအတွက်သုံးနေသလို အခြားတဖက်မှာလည်း အလှူ အတန်း ရက်ရက်ရောရောလုပ်နေပါတယ်။ မင်္ဂလာပွဲမစခင် နယ်မြို့တွေက ဆင်းရဲနွမ်းပါးတဲ့ စုံတွဲ ၅၀ ကို မင်္ဂလာစရိတ် အစအဆုံး ကျသင့်ခံပြီးတော့ မဂ်လာဆောင်ပေးခဲ့သလို မဂ်လာပွဲကျင်းပမဲ့ မွမ်ဘိုင်းမှာ ဇွန် ၅ရက်နေ့ကစပြီး ဇူလိုင်လ ၁၅ ရက်နေထိ ရက်ပေါင်း ၄၀ တိုင်တိုင် လူ ၄၀၀၀ ကျော်ကို မနက်စာ ညစာ စတုဒီသာထမင်း ကျွေးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၀-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post အာဇာနည်နေ့၌ လမ်းအချို့ကို လမ်းပိတ်/လမ်းလွှဲ ဆောင် ရွက်သွားမည်