မြန်မာ့လက်ရွေးစင် ယူ -၁၂ ကစားသမား ရွေးချယ်ပွဲ ရန်ကုန်တွင် ယနေ့ စတင်ပြုလုပ်

ဇူလိုင်လ ၆ ရက်

နိုင်ငံတကာ လူငယ်ဖိတ်ခေါ်ပြိုင်ပွဲများ၊ လူငယ်ဘောလုံး ပွဲတော်များသို့ စေလွှတ်ယှဉ်ပြိုင်ရန်အတွက် မြန်မ့ာလက်ရွေးစင် ယူ-၁၂ ကစားသမား ရွေးချယ်ပွဲကို ယနေ့ ဇူလိုင် (၆) ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းရှိ လေ့ကျင့်ရေးကွင်း (၁) တွင် စတင်ပြုလုပ်ခဲ့ရာ ကစားသမား ( ၁၀၀) ကျော် လာရောက်ရွေးချယ်ခံခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ရွေးချယ်ပွဲအား MFF နည်းစနစ် ဒါရိုက်တာ ဂျပန်လူမျိုးမိတမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် (၇)ရက်နှင့် (၈)ရက် တို့တွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါတယ်။

လက်ရှိတွင် မြန်မာဘောလုံး အကယ်ဒမီများအတွက် FIFA -MFF TDS Scouting Tour ဖြင့် ရွေးချယ်ထားသော ယူ – ၁၂ ကစားသမားများ အသင့်ရှိနေပြီး ဖြစ်သော်လည်း ပြင်ပမှ အရည်အချင်းရှိ ကစားသမားများ ဆက်လက်ရရှိစေရန်အတွက်လည်းကောင်း၊ လူငယ်များအတွက် အခွင့်အလမ်းများ ထပ်မံပေါ်ပေါက်လာစေရန် အတွက်လည်းကောင်း ကစားသမား ရွေးချယ်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့လက်ရွေးစင် ယူ- ၁၂ ကစားသမား ရွေးချယ်ပွဲအား မန္တလေးမြို့ မြန်မာဘောလုံး အကယ်ဒမီတွင် ဇူလိုင် (၁၂) ရက်မှ (၁၄)ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြစ်ကြီးနားရေဘေးအတွက် သိန်း ၅၀ ပဲ လှူလို့ ဝေဖန်ခံနေရတဲ့ စမိုင်းလ်
Next post (၆-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်