မြန်မ့ာလက်ရွေးစင် ယူ-၁၂ အသင်းဖွဲ့စည်း၍ လူငယ်ဘောလုံးပွဲတော်များတွင် ယှဉ်ပြိုင်ရန် စေလွှတ်မည်

ဇူလိုင်လ ၄ ရက်

မြန်မ့ာလက်ရွေးစင် ယူ-၁၂ အသင်းဖွဲ့စည်း၍ လူငယ်ဘောလုံးပွဲတော်များနှင့် နိုင်ငံတကာ လူငယ်ဖိတ်ခေါ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရန် စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်ထံက သိရပါတယ်။

ယင်းအတွက် ယူ-၁၂ လူငယ်ကစားသမားကို ယခု ဇူလိုင်လအတွင်း ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ကာ၊ အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်)တွင် ဇူလိုင်လ (၆) ရက်မှ(၈) ရက်နေ့အထိ လည်းကောင်း၊ မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)တွင် ဇူလိုင်လ (၁၂)ရက်နေ့မှ(၁၄) ရက်နေ့အထိလည်းကောင်း အသီးသီး ရွေးချယ်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

ရွေးချယ်ခံ လူငယ်ကစားသမားများအနေဖြင့် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း မွေးဖွားသူများ လာရောက်ရွေးချယ်ခြင်းခံယူနိုင်ပြီး မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)နှင့် အမျိုးသား ဘောလုံး အကယ်ဒမီ(ရန်ကုန်)တို့တွင် ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းတို့နှင့်တကွ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း MFF က အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂျပ်စတင်ဘီဘာနဲ့ မင်္ဂလာပွဲစဖွင့်မည့် အာနန်နဲ့ ရာဒီကား
Next post (၄-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ