Now You See Me 3 ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရုံတင်ပြသသွားမယ်

ရုပ်ရှင်ပရိသတ်တွေကြားမှာ အကြိုက်များခဲ့တဲ့ Now You See Me နဲ့ Now You See Me 2 အပြီးမှာ သုံးကားမြောက် Now You See Me ကို ထပ်မံကြည့်ရှုရတော့မှာဖြစ်ပါတယ်။ Now You See Me 3 ကို ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ကြောင်း Lionsgate Motion Pictures Group က ၂၀၂၃ မှာ တရားဝင်ကြေညာလာတာဖြစ်သလို ဒီကနေ့မှာတော့ Now You See Me 3 ရဲ့ ရုံတင်ရက်အတိအကျကိုလည်း သိရှိရပြီဖြစ်ပါတယ်။

တရားဝင်ကြေညာချက်အရ Now You See Me 3 ကို နိုဝင်ဘာ ၁၄၊ ၂၀၂၅ မှာ ရုံတင်ပြသသွားမှာဖြစ်ကြောင်းသိရပါတယ်။ ၂၀၂၅ နိုဝင်ဘာလဟာ ပရိသတ်စောင့်မျှော်နေတဲ့ရုပ်ရှင်တချို့ဖြစ်ကြတဲ့ Blade, Bugonia နဲ့ Zootopia 2 တို့လည်း ထွက် ရှိလာမှာဖြစ်တာကြောင့် Now You See Me 3 ဟာ ဘယ်အတိုင်းအတာအထိ ပရိသတ်စိတ်ဝင်စားမှုကို ဖမ်းစားနိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Now You See Me 3 ဟာ ယခင် Now You See Me ရဲ့ အငွေ့အသက်တွေကို ပြန်လည်ပြသမှာဖြစ်ပြီး မျက်လှည့်ဆရာ တွေပါဝင်တဲ့အုပ်စုတစ်ခုက အကျင့်ပျက်ခြစားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေတွေကိုလိမ်လည်ခိုးယူကာ FBI ရဲ့ ရန်ကိုရှောင်ပြီး အဲဒီငွေတွေကို လူတွေဆီကိုပြန်ပေးတဲ့အကြောင်း ရိုက်ကူးပြသမှာပါ။

Now You See Me 3 ကို The Punisher (Dolph Lundgren) ဒါရိုက်တာ Boaz Yakin နဲ့ Men in Black ဇာတ်ညွှန်းဆရာ Ed Solomon တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Venom ဒါရိုက်တာ Rubin Fleischer ​က ဒါရိုက်တာနေရာကနေ တာဝန်ယူရိုက်ကူးပေးမှာဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ အရင်ရုပ်ရှင်တွေက သရုပ်ဆောင်တွေဖြစ်တဲ့ Jesse Eisenberg, Woody Harrelson, Isla Fisher, Dave Franco နဲ့ Morgan Freeman တို့ ပြန်လည်ပါဝင်လာကြသလို Justice Smith, Dominic Sessa, Ariana Greenblatt နဲ့ Rosamund Pike တို့လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။

Now You See Me ရုပ်ရှင်တွေဟာ နှစ်ကားစလုံးရဲ့ ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၆၈၆ သန်းနီးပါးရရှိထားပြီး Now You See Me ကို The Incredible Hulk ဒါရိုက်တာ Louis Leterrier က ရိုက်ကူးကာ Now You See Me 2 ကို Crazy Rich Asians ဒါရိုက်တာ John Chu က ရိုက်ကူးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လာမည့် (၃)ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး မိုးများလာနိုင် ပြီး မြစ်ရေများ မြင့်တက်လာနိုင်မည့် အခြေအနေလည်း ရှိနေ
Next post ဂျပ်စတင်ဘီဘာနဲ့ မင်္ဂလာပွဲစဖွင့်မည့် အာနန်နဲ့ ရာဒီကား