(၄-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၄-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရှမ်း/မြောက် တိုက်ပွဲများပြန်ဖြစ်ချိန် နစက နိုင်ငံခြားရေး ဒုတိယဝန်ကြီးနဲ့ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်တို နေပြည်တော်မှာတွေ့ဆုံ

၂။ ဒေသဖွံဖြိုးတိုးတက်စေရန်အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ရမည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ပြောကြား

၃။ ရှမ်းမြောက် တစ်ကျော့ပြန် တိုက်ပွဲများကြောင့် လားရှိး – သီပေါ လမ်းပိုင်းရှိ တံတား(၅)စင်း ပျက်ဆီးရပြန်

၄။ Online Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ (၅) သန်းရောင်းချပေး

၅။ လူတန်းစားခွဲခြားသည့် သန်းခေါင်စာရင်းကို သိမ်းပိုက်နယ်မြေတွင်း၌ MNDAA စတင်ကောက်ယူ

၆။ လားရှိးမြိုကို MNDAA ပူးပေါင်းအဖွဲက လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား(၆)ဦး ထက်မနည်းသေဆုံး

၇။ တောင်ငူ၊ ကွမ်းပင်ကျေးရွာအုပ်စုမှ ပြည်သူခြောက်ဦးကို သတင်းပေးပျူစောထီးဟုဆိုကာ PDF သုံးဖွဲပေါင်းပြီး ပစ်ခတ်သတ်ဖြတ်

၈။ ဇူလိုင်လ ၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၄၉၂,၈၆၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၅၅ ကျပ်၊ Octane 95 – ၂၇၉၀ ကျပ်၊ Diesel – ၂၄၆၅ ကျပ်၊ Premium Diesel – ၂၈၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အင်ဒိုနီးရှားနဲ့မလေးရှားက ဂါဇာဒေသကို ငြိမ်းချမ်းရေးတပ်ဖွဲတွေစေလွှတ်ဖို အဆင့်သင့်ရှိနေ

၂။ ဥရောပသမဂ္ဂ(အီးယူ)၏အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရုရှားမဟာမိတ် ဟန်ဂေရီ ဆောင်ရွက်ခြင်းကို ဥရောပသံတမန်များ စိုးရိမ်နေ

၃။ ယူကရိန်းအတွက် ဒေါ်လာ ၂.၃ ဘီလီယံ တန်ဖိုးရှိ လက်နက်တွေ ပံ့ပိုးမယ့် အစီအစဉ်ကို ကြေညာရန် အမေရိကန်စီစဉ်နေ

၄။ ယာလာပြည်နယ် ကားဗုံးပေါက်ကွဲမှု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထိခိုက်

၅။ မြစ်ကူးစစ်ဆင်ရေးလေ့ကျင့်နေစဉ် အိန္ဒိယကြည်းတပ်တင့်ကားတစ်စီး နစ်မြုပ်ပြီးတပ်ဖွဲဝင် ၅ ဦး သေဆုံး

၆။ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်သွားရတဲ့ ကလေးတစ်သန်းကို ကူညီဖို ထိုင်းအစိုးရ စီမံချက်တစ်ခု ဆောင်ရွက်မည်

အားကစားသတင်းများ

၁။ MNL U-20 Youth League 2024 week(4)အပြီး ရှမ်းယူနိုက်တက် ရမှတ်(၁၀)မှတ်ဖြင့် ထိပ်ဆုံးတွင်ရပ်တည်

၂။ ယူ – ၂၁ ကွင်းလယ်ကစားသမား စောအောင်မျိုးထွန်း အားရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

၃။ ၂၀၂၄ ယူရိုပြိုင်ပွဲဟာ သူ့အတွက်နောက်ဆုံးယူရိုပြိုင်ပွဲဖြစ်ကြောင်း ရော်နယ်ဒို ပြောကြား

၄။ ဒီဘရိုင်းနားကို သွားရန်စလို့ အတီးခံလိုက်ရတဲ့ သတင်းထောက်

၅။ နယ်သာလန်နဲ့ပွဲကို လွဲချော်ဖို့များနေတဲ့ တူရကီသူရဲကောင်း

အနုပညာသတင်းများ

၁။ သီချင်းတစ်ပုဒ်က နတ်ကြီးသလို ဒီသီချင်း အောင်မြင်မယ် မအောင်မြင်ဘူး ဘယ်သူမှ ကြိုမသိနိုင်တဲ့ အတွက် အောင်မြင်လာရင်တော့ နောက်ကွယ်က တေးရေးတွေကို အသိအမှတ်လေး ပြုပေးပါ ဆိုတဲ့ တေးရေး တေးဆို ပရ

၂။ ပညာပေးဇာတ်လမ်းပုံစံ “လင်ကြမ်း မယားကြမ်း” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

၃။ အာဂမင်းခေါင်ကို အောင်မြတ်သာထက် သာတဲ့ဇာတ်လမ်းတွဲဖြစ်ဖို မျှော်လင့်ထားတယ်ဆိုတဲ့ ဒါရိုက်တာ သီဟမင်းညီ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း ပြောကြား
Next post လာမည့် (၃)ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး မိုးများလာနိုင် ပြီး မြစ်ရေများ မြင့်တက်လာနိုင်မည့် အခြေအနေလည်း ရှိနေ