ပြိုင်ပွဲဝင်အသင်း (၈)သင်း ပါဝင်မည့် ၂၀၂၄ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားထုတ်ပြန်

ဇွန်လ ၂၈ ရက်

ပြိုင်ပွဲဝင် (၈) သင်းပါဝင်မည့် ၂၀၂၄ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားကို မြန်မာနေရှင်နယ်လိဂ်ကော်မတီက ဇွန်(၂၇)ရက်တွင် အသိပေးထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ နေရှင်နယ်လိဂ်-၂ပြိုင်ပွဲများအား လာနည့် ဇူလိုင်(၂၃)ရက်မှ စတင်၍ နိုဝင်ဘာ(၂၇)ရက်အထိ (၄)လကျော်ကြာ ကျင်းပသွားမည်ဖြစ်ပါတယ်။

ယခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် ကချင်ယူနိုက်တက်၊ ဂျီအက်ဖ်အေ၊ ယူနီဗာစတီ၊ Glory Goal၊ ရွှေပြည်သာယူနိုက်တက်၊ ငွေကြယ်ပွင့်လေးများအသင်းတိုပါဝင်မည်ဖြစ်ပါတယ်။

ထိုအပြင် MNL -II Promotion Amateur Club Tournament 2023 ပြိုင်ပွဲမှ လိဂ်-၂ သို့ တက်လှမ်းလာသည့် အသင်းများဖြစ်သော ရာမည ယူနိုက်တက်(ရိန်းဘိုးအက်ဖ်စီ)နှင့် ဧရာဝတီရိန်းဂျား(ရိန်းဂျားအက်ဖ်စီ) အသင်းတို့ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၈-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) အောင်မြင်စွာပြီးမြောက်