မွေးနေ့မှာ အလှူအတန်းပြု ကုသိုလ်တွေနဲ့ ဖြတ်သန်းခဲ့တဲ့ မိုးဟေကို

ပရိသတ်ချစ်ခင်မှုတွေ ယနေ့အချိန်ထိရရှိထားတဲ့ မင်းသမီးမိုးဟေကိုရဲ့ ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ မွေးနေ့မှာ အလှူအတန်းပြု ကုသိုလ်တွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။ သူမက ရွှေတိဂုံဘုရားမှာ မွေးနေ့ကုသိုလ် ဆီမီးကပ်လှူပူဇော်ခဲ့ပါတယ်။ ဒါ့အပြင် ယမုံနာသီလရှင်ကျောင်းတိုက်မှာ အရုဏ်ဆွမ်း ကြာဆံချက်နဲ့ နေ့ဆွမ်းတစ်နေ့တာအတွက်လည်း လှူဒါန်းခဲ့ပါတယ်။

“မိုးရဲ့ မွေးနေ့အမှတ်တရအနေနဲ့ ဘုရားမှာ ရွှေဆိုင်းကပ်၊ ဆီမီးလှူဒါန်းပြီး ကုသိုလ်ကောင်းမှုပြုခဲ့ပါတယ်။ မွေးနေ့အလှူ အနေနဲ့ နေ့ဆွမ်းလည်း ကပ်လှူဖြစ်ခဲ့ပါတယ်။ ဒီမွေးနေ့အလှူလေးကို မိုးချစ်ပရိသတ်ကြီးလည်း ထပ်တူထပ်မျှ ကုသိုလ်ရကြ စေဖို့ မျှဝေပေးလိုက်ပါတယ်ရှင်” လို့ မိုးဟေကိုက ပြောပါတယ်။

မိုးဟေကိုက ဒါရိုက်တာ ဝိုင်း(Own Creator) ဖန်တီးထားတဲ့ အမုန်းဇာတ်လမ်းတွဲ ၊ တခုတ်တရ ရုပ်ရှင် ၊ မိတင်စိန် ရုပ်ရှင်ဇာတ်ကားတွေအပြင် ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ရဲ့ အချစ်မှာအပြစ်ရှိသည် ဇာတ်လမ်းတွဲသစ်ကိုလည်း ဆက်လက်ရိုက်ကူးထားသူလည်းဖြစ်ပါတယ်။ “မွေးနေ့ကို သတိတရနဲ့ ဆုမွန်ကောင်းတောင်းပေးကြလို့လည်း မိုးက ကျေးဇူးအများကြီးတင်ရှိပါတယ်နော်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၇-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ဘဝနတ္ထံ ပျံလွန်တော်မူခဲ့ပြီးဖြစ်သည့် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး၏ စျာပနအခမ်းအနား ယနေ့ကျင်းပမည်