ငါးမန်းတိုက်ခိုက်မှုကြောင့် ဆုံးပါးခဲ့ရတဲ့ Pirates of the Caribbean သရုပ်ဆောင်

Disney ရဲ့ စတုတ္ထမြောက် Pirates of the Caribbean ရုပ်ရှင် Pirates of the Caribbean: On Strange Tides ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Tamayo Perry ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကပဲ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ် Tamayo Perry ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဟာဝိုင်ယီကျွန်းက Mālaekahana ကမ်းခြေမှာ ငါးမန်းတိုက်ခိုက်မှုကြောင့်ဆုံးပါးခဲ့တာဖြစ်ပြီး ဒေသစံတော်ချိန် နေ့လည် ၁ နာရီခန့်မှာ ငါးမန်းကိုက်ခံရတဲ့ဒဏ်ရာနဲ့ တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ တွေ့ရှိချိန်မှာပဲ jet ski နဲ့ အရေးပေါ်ဆေးကုသဖို့ဆေးရုံကိုပို့ဆောင်ပေမယ့်လည်း နေရာမှာတင်ဆုံးပါးသွားခဲ့ကြောင်း သတင်းများအရသိရပါတယ်။

Tamayo Perry ဟာ ကျွမ်းကျင်တဲ့ရေလွှာလျှောစီးသူတစ်ဦးလည်းဖြစ်သလို ၂၀၁၆ ကတည်းက ကမ်းခြေကယ်ဆယ်ရေး တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ဒါ့အပြင် နာမည်ကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Hawaii Five-O မှာလည်း ပါဝင်ခဲ့ ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပဲခူးမြို့ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပျံလွန်တော်မူ ခဲ့မှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်းနှင့် တောင်းပန် အပ်ကြောင်း နစကဥက္ကဋ္ဌက လျှောက်ထားလွှာပေးပို့
Next post (၂၅-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်