မန္တလေးမြိုတွင် ကားဝပ်ရှော့ဆရာ တစ်ဦးသေနတ်ထောက်ပြီး ကားယူသွားခြင်းခံရ

ယမန်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင် မန္တ​လေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ အကွက် (၁)၊ အနှိပ်တော်ရပ်ကွက်တွင် သေနတ်ဖြင့်ထောက်၍ ကားယူသွားသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မန္တ‌လေးမြို့၊လမ်း ၂၀ နှင့် ၂၁ လမ်းကြားရှိ ၆၃ လမ်းပေါ်ရှိ အကွက်(၁)အနှိပ်တော်ရပ်ကွက်နေသူ ဦးမျိုးတင့် (ကားဝပ်ရှော့ ဆရာ)၏အိမ်ရှေ့သို့၊ ရွှေငါးကားအဖြူရောင် ၁ စီးရောက်ရှိလာပြီး၊ ကားပေါ်မှ အမည်မသိအမျိုးသား(၂)ဦးဆင်းလာကာ ဝပ်ရှော့ဆရာဦးမျိုးတင့်ကိုခေါ်ယူပြီး သေနတ်ဖြင့် ဦးခေါင်းကိုချိန်ထား၍ ကားသော့တောင်းကာ ၆၃ လမ်းအတိုင်း တောင်ဘက်သို့ကား ၂ စီးလုံးမောင်းထွက် သွားကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများ ယူဆောင်သွားသော ကားနံပါတ်မှာ MDY-6G/9252 ခဲရောင်၊ တရုတ်ကား(ကလပ်မကောင်း) အဝိုင်းပါသွားပြီး လိုင်စင်ရှိသောကားဖြစ်ပြီး အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ နယ်မြေခံရဲစခန်းသို့ အသိပေးအကြောင်း ကြားထားပြီးဖြစ်ရာ ကျူးလွန်သူတရားခံများကို ဖမ်းဆီးရမိရေး လုံခြုံရေးအဖွဲ့ဝင်များက ဆက်တိုက်ဆောင်ရွက်လျှက် ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၂-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ပဲခူးမြို့ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ ဈာပနသို့ သီတဂူဆရာတော်ကြီး ကြွရောက်