မြန်မာနိုင်ငံအတွက် Miss Universe Crown ကို ပထမဆုံး ယူလာပေးချင်တယ်ဆိုတဲ့ သက်စံ

မကြာသေးမီ ရက်ပိုင်းMiss Universe Myanmar 2024 ပြိုင်ပွဲတွင် Winner ဆုကို ထိုက်တန်စွာဆွတ်ခူးခဲ့သော ရန်ကုန်မြောက်ပိုင်းကိုယ်စားပြုအလှမယ် သက်စံအန်ဒါဆန်ကတော့ ပရိသတ်တွေလို ယခုလိုပြောကြားလာတာပဲ ဖြစ်ပါတယ်။

Miss Universe Myanmar 2024 ပြိုင်ပွဲကြီး၏ Grand Final ကို ရန်ကုန်မြို့၊ကမ္ဘာအေးစေတီလမ်းရှိ YCC ခန်းမတွင် ဇွန်လ ၇ ရက်၊ ညပိုင်းတွင် ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲမှာ winner ဆုရရှိသူ သက်စံအန်ဒါဆန်ကတော့ မက္ကစီကိုနိုင်ငံမှာ ကျင်းပမည့် Miss Universe 2024 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ရရှိခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ပြိုင်ပွဲတွင် စံချိန်တင်ပြိုင်ပွဲဝင်အရေအတွက် ၅၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲပြင်ဆင်နေမှုနဲ့ပတ်သက်ပြီး သူမက ‘မြန်မာနိုင်ငံအတွက် Miss Universe Crown ကို ပထမဆုံး ယူလာပေးချင်တယ်။ ပရိသတ်တွေက Catwalk ပိုင်း အားနည်းတယ် ပြောတဲ့အတွက် လေ့ကျင့်ပြင်ဆင်နေပါတယ်’လို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယနေ့ ရွှေဈေး ကျပ်နှစ်သောင်းကျော် ထပ်မံကျဆင်းလာ
Next post ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေး စိစစ်ဖော်ထုတ်လျက်ရှိကြောင်း နစက ထုတ်ပြန်