စိန့်မာတင်ကျွန်းကို ပစ်ခတ်သည်မှာ ရခိုင်လက်နက်ကိုင် AA ဖြစ်ပြီး မြန်မာနိုင်ငံနှင့် စစ်မဖြစ်လိုကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အာဏာရပါတီဖြစ်သော အေဝါမီလိဂ်ပါတီ အတွင်းရေးမှူးဖြစ်သလို ဘင်္ဂလားဒေ့ရှ်လမ်းပန်းဆက် သွယ်ရေးနှင့်တံတားဝန်ကြီး အိုဘီယာဒေါ ကွာဒါက ပြီးခဲ့သောရက်ပိုင်းတွင်ဖြစ်ပွားခဲ့သော စိန့်မာတင်ကျွန်းရှိ အစားအစာ တင်ဆောင်လာသောသင်္ဘောများကို ပစ်ခတ်မှုသည် ရခိုင်လက်နက်ကိုင် AA အဖွဲ့၏လုပ်ရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။

ဘင်္ဂလားဒေ့ရှ်လမ်းပန်းဆက်သွယ်ရေးနှင့်တံတားဝန်ကြီး  ကွာဒါက” စိန့်မာတင်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေဟာ ရခိုင်လက်နက်ကိုင် AA ရဲ့ လက်ချက်ဖြစ်ပါတယ်။ မြန်မာအစိုးရတပ်ဖွဲ့တွေ လုပ်ဆောင်တာမျိုးမဟုတ်ပါဘူး” ဟုပြောသည်။

စိန့်မာတင်ကျွန်းတွင် ပစ်ခတ်မှုများဖြစ်လာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဒေသအခြေအနေများကို အနီးကပ်စောင့်ကြည့်နေပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

၎င်းက” ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနယ်စပ်ဒေသအခြေအနေတွေကို တင်းတင်းကျပ်ကျပ်စောင့်ကြည့်နေတယ်။ နယ်စပ်ဒေသ နယ်ခြားစောင့်တပ်ဖွဲ့တွေကိုလည်း တပ်လှန့်ထားတယ်။ ဆွေးနွေးမှုတွေကတစ်ဆင့်ပြဿနာတွေကို ဖြေရှင်းဖို့လိုလားတယ်။ မြန်မာနိုင်ငံနဲ့ စစ်ဖြစ်ဖို့ မလိုလားဘူး” ဟု ပြောသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB)၏ အထွေထွေညွှန်ကြားရေးမှူး ဖြစ်သော ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui ကလည်း မကြာသေးမီက ဖြစ်ပွားခဲ့သောအဖြစ်အပျက်များကို တုံ့ပြန်နိုင်ရန်အတွက် ဖြစ်လာနိုင်ချေရှိသောအရာများအတွက် ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားထားပြီး နယ်စပ်ဒေသအခြေအနေများကို လုံခြုံရေးတင်းကြပ်ထားကြောင်း ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိတ္ထီလာမြို အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း (ရှမ်းတဲ)သို့ နစက ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု
Next post (၁၈-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်