မိတ္ထီလာမြို အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း (ရှမ်းတဲ)သို့ နစက ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဇွန်လ (၁၇) ရက် နံနက်ပိုင်းတွင် မိတ္ထီလာမြို့၊ အမှတ် (၅)အခြေခံ ပညာအထက်တန်းကျောင်း(ရှမ်းတဲ)သို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့‌ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် စာသင်ဆောင်များအတွင်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို ရင်းရင်းနှီးနှီးလိုက်လံအားပေးကြည့်ရှုပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌသည် ကျောင်းခန်းမ၊ စာကြည့်တိုက်နှင့် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းရှိပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ကောင်းမွန်ပြည့်စုံစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေပညာကိုသာမက အသက်အရွယ်နှင့် ကိုက်ညီသည့် ဗဟုသုတများရရှိစေရေးအတွက် ပြင်ပစာပေများကိုလည်း စာကြည့်တိုက်တွင် ဖတ်ရှုသည့် အလေ့အကျင့်ရရှိကြစေရေး တိုက်တွန်းဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ယင်းနောက် နစကဥက္ကဋ္ဌနှင့်ဇနီးတို့သည် ကျောင်းစာကြည့်တိုက်အတွက် လူထုသိပ္ပံကျမ်း စာအုပ်များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများကိုပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး ဆရာ၊ ဆရာမများအား ကျောင်းလိုအပ်ချက်များကို မေးမြန်းပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၇-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post စိန့်မာတင်ကျွန်းကို ပစ်ခတ်သည်မှာ ရခိုင်လက်နက်ကိုင် AA ဖြစ်ပြီး မြန်မာနိုင်ငံနှင့် စစ်မဖြစ်လိုကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ ပြောကြား