သရုပ်ဆောင် မြတ်သူသူရဲ့မိခင်ကွယ်လွန်

သရုပ်ဆောင် မြတ်သူသူ ရဲ့မိခင် ဇွန်၈ ရက်နေ့ကကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ သမီးဖြစ်သူ မြတ်သူသူက ” သမီးမွေးနေ့ 14ရက်နေ့ထိတော့ မေကြီးနဲ့အတူရှိခွင့်ရမယ် ထင်ခဲ့တာ ။ ဆရာဝန်လက်လွတ်လိုက်ပြီး 3ရက်လောက်ပဲ နေရမယ်ပြောလိုက်ထဲက စိတ်ကိုပြင်ဆင်ထားခဲ့ပြီး မေကြီးအလိုကျ အားလုံးလုပ်ပေးခဲ့တာ။(3)လကျော်လောက် အတူရှိနေခဲ့တော့ သမီးမွေးနေ့မှာ အတူအလှူတွေလုပ်ခွင့်ရဦးမယ် မျှော်လင့်ခဲ့မိတာပါ။မေကြီး ကောင်းမွန်ရာဘုံဘဝကနေ ရည်စူးပြုသမျှကုသိုလ်အားလုံးအတွက် မြင်ကြား သိပါစေ။” ဆိုပြီး သူမရဲ့ ဖေ့ဘွတ်ခ်ကနေတစ်ဆင့်ရေးသားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘီးလင်းမြို့နယ်တွင် နာရေးအိမ်အား အကြမ်းဖက် PDF အဖွဲ့က ဝင်ရောက် ပစ်ခတ်
Next post (၁၀-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ