Las Vegas ရဲ့ EDC မှာ မင်္ဂလာပြန်ဆောင်ခဲ့တဲ့ စမိုင်းလ်တို့ လင်မယား

Las Vegas ရဲ့ EDC မှာ မင်္ဂလာပွဲကျင်းပခဲ့တဲ့အကြောင်းကို စမိုင်းလ်က သူမရဲ့လူမှုကွန်ယက်ကနေ “ EDC မှာလုပ်ခဲ့တဲ့ Wedding လေး။ With love of my life ” လို့ အခုလို ပရိသတ်တွေသိအောင် ပြောပြလာခြင်း ဖြစ်ပါတယ်။

သူမရဲ့ ခင်ပွန်းဖြစ်သူက မကြာခင်ရက်ပိုင်းကလည်း Surprise အနေနဲ့ NewYork မြို့လယ်ခေါင်က ဘေလ်ဘုတ်ကြီးနဲ့ စမိုင်းရဲ့ပုံရိပ်တွေ သိန်းပေါင်းများစွာ အကုန်အကျခံ တင်ပေးခဲ့ပြီး အများပြည်သူများ အံ့သြလောက်အောင် ရိုခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံရဲ့ Post အောက်မှာတော့ “ငါလည်းတ‌နေ့ မမစမိုင်းလို ချမ်းသာပြီးပျော်ရွှင်ရမှာ”၊ “မြန်မာပြည်မှာ အားအကျရဆုံး အမျိုးသမီး သူ့ဘဝနဲ့ သူ့နာမည် အရမ်းလိုက်ဖက်တယ်”၊ “ဘဝကို ကျေနပ်လောက်အောင်ထိ ဒီလိုပဲနေသွားပါအမ”၊ “စမိုင်းလ်လေးရယ် ကြည့်တိုင်း စိတ်ချမ်းသာမိပါတယ် ချမ်းသာလို့ချစ်တတ်တာမဟုတ်သလို ချစ်တတ်လို့ ချမ်းသာအောင်ကြိုးစားခဲ့တာပါ”၊ “အချိန်တိုင်းမှာ လုပ်သမျှတင့်တယ်နေတယ်”၊ “ဘဝမှာအမိမိုက်ဆုံး လူသားနှစ်ယောက်” စတာတွေကို ပရိသတ်တွေက ရင်ဖွင့်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၆-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၆-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ