ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာကာသယာဉ်မှူး၏ အာကာသ နည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို ရန်ကုန် နည်းပညာတက္ကသိုလ်မှာ ပြုလုပ်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ အာကာသယာဉ်မှူး၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို ယမန်နေ့က ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအတွေ့အကြုံရှင်းလင်းပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာကာသယာဉ်မှူး H.E. Mr. Krikalev Sergey Konstant-inovich က အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြောကြားကာ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးသည်။ ထို့ပြင် Samara တက္ကသိုလ် Chief Executive Officer, Dmitrity A. Baranov သည် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် Samara တက္ကသိုလ်အကြား အာကာသနည်းပညာနှင့် သက်ဆိုင်သည့် Exchange Program များ ဆက်လက်ဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေး ရှင်းလင်းပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ Deputy General Director for International Cooperation၊ H.E. Mr. Savelyev Sergey Valentinovich နှင့် Roscosmos State Cooperation မှ Executive Director for Manned Space Program မှ အာကာသယာဉ်မှူး Mr. Krikalev Sergey Konstantinovich ၊ Samara တက္ကသိုလ်မှ ကိုယ်စားလှယ်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ နည်းပညာတက္ကသိုလ် (သန်လျင်) တို့မှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသတက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၁-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၂-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်