(၂၂-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၂-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) မှ သင်တန်းသား၊သင်တန်းသူများနှင့် အုပ်ချုပ်သူ နည်းပြများအား တွေ့ဆုံအမှာစကားပြောကြား

၂။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (စတုတ္ထမူကြမ်း) ကို ထပ်မံပြုစုရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးသို တင်ပြ၍ အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

၃။ စစ်မှုထမ်းရန်ဆင့်ခေါ်ရာ၌ လာရောက်ရန်ပျက်ကွက်သူအားလုံးကို ဥပဒေနှင့်အညီဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး မောင်မောင်အေးပြော

၄။ သက်သေခံလက်မှတ်ဖြင့် မြန်မာနိုင်ငံသို ပြန်ရာတွင် Exit pass ကို မဖြစ်မနေ လျှောက်ထားရန်လိုအပ်ဟု မလေးရှားရှိ မြန်မာသံရုံး အသိပေး

၅။ ကော့ကရိတ်မြိုတိုက်ပွဲအတွင်း ပျက်စီးသွားသည့် အိမ်များအတွက် ကျပ် (၁၂) ဘီလျံကျော်ထက်မနည်း ဒေသခံပြည်သူများ ဆုံးရှုးနစ်နာခဲ့ရ

၆။ သထုံမြိုနယ် ကလိကျွန်းရွာနှင့် ကျွန်းချောင်းရွာကြား ရန်ကုန် – မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်း‌ထောင်ဖောက်ခွဲဖျက်ဆီးခံရ

၇။ NCA စာချုပ်ကို လက်မှတ်ရေးထိုးစဉ် အသိသက်သေပါဝင်ခဲ့သော နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပြဿနာကို ပါဝင်ကူညီဖြေရှင်းပေးရန် RCSS တောင်းဆို

၈။ မေလ ၂၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၆၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၂၅ ကျပ်၊ Octane 95 – ၂၇၅၀ ကျပ်၊ Diesel – ၂၃၄၅ ကျပ်၊ Premium Diesel – ၂၃၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ လွှတ်တော်အစည်းအဝေးအတွင်း ထိုင်ဝမ်လွှတ်တော်အမတ်များ အပြန်အလှန်အော်ဟစ်ကာ အချင်းများမှုဖြစ်ပွားခဲ့

၂။ သမ္မတ၏ ရဟတ်ယာဉ် ပျက်ကျမှုနှင့်ပတ်သက်၍ အီရန်က အကူအညီ တောင်းခဲ့သည်ဟု အမေရိကန် ပြောကြား

၃။ စစ်တပ်ကိုအင်အားဖြည့်ရန် ယူကရိန်းသမ္မတက အကျဉ်းသားများခေါ်ယူမည့် ဥပဒေကို လက်မှတ်ရေးထိုး

၄။ အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ ဟားမတ်စ်ခေါင်းဆောင် သုံးဦးအတွက် ICC ရှေ့နေချုပ် ဖမ်းဝရမ်း လျှောက်ထား

၅။ အမေရိကန်ကွန်ဂရက်လွှတ်တော်က ICC အပေါ် ပိတ်ဆိုအရေးယူရန် စဉ်းစားနေ

၆။ တရုတ်နိုင်ငံအလယ်ပိုင်းရှိ မူလတန်းကျောင်းတွင် ဓားထိုးမှုများဖြစ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

အားကစားသတင်းများ

၁။ ကမ္ဘာဖလား ဒုတိယအကျော့ ခြေစစ်ပွဲ မြန်မာနှင့် ဂျပန် ယှဉ်ပြိုင်ကစားမည်

၂။ ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ မြန်မာအသင်း အုပ်စု(ခ)တွင် ကျရောက်

၃။ အန်းစလော့ ရောက်လာမှုနဲ့အတူ လီဗာပူးနဲ့ အနာဂတ်အကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ ဆာလက်

၄။ မန်ချက်စတာဘားမှာ မနက် ၅ နာရီအထိ အောင်ပွဲခံခဲ့တဲ့ ဂျက်ဂရီးလစ်ချ်နဲ့ ဒီဘရိုင်း

၅။ ၀င်ဘာလေချန်ပီယံလိဂ်ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ချူအာမန်နီ

အနုပညာသတင်းများ

၁။ ‘ဖက်ရှင်ကို တစ်သစ်သမတ်တည်း မလုပ်ဘဲ Mood အလိုက် လုပ်တတ်တယ် ဖွေး ရဲ့ Stylist Fish နဲ့ တွေ့ရင် ထူးခြားတာတစ်ခု အမြဲ လုပ်ကြတယ်’ လို့ ပြောလာတဲ့ ဖွေးဖွေး‘

၂။ ‘အနုပညာ အလုပ်တွေ မလုပ်ဖြစ်ဘဲ အိမ်ထောင်ရှင်မ တစ်ယောက်အဖြစ် နေနေပါတယ်’ လို့ ပြောလာတဲ့ လိုင်လာခမ်း

၃။ BTS အဆိုတော် ဂျီမင်နဲ့ သရုပ်ဆောင် မင်းသမီး ဆောင်ဒါအန်း date နေတယ်ဆိုတဲ့ ကောလဟာလများ ထွက်နေ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာကာသယာဉ်မှူး၏ အာကာသ နည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို ရန်ကုန် နည်းပညာတက္ကသိုလ်မှာ ပြုလုပ်
Next post (၂၂-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ