အဖွဲ့ဖွဲ့စည်းခြင်း ၁၅ နှစ်ပြည့်နှစ်ပတ်လည်အတွက် အဖွဲ့ဝင် ၄ ဦးလုံး ပြန်လည်စုဝေးခဲ့ကြတဲ့ 2NE1

မြန်မာပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုကို အခိုင်အမာရရှိခဲ့တဲ့ 2NE1 အဖွဲ့ဟာဆိုရင် ၁၅ နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။ ၁၅ နှစ်ပြည့်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ 2NE1 အဖွဲ့ဝင် ၄ ဦးဟာ ပြန်လည်စုဝေးခဲ့ကြပါတယ်။ သူတို့အဖွဲ့ စတင် ဖွဲ့စည်းခြင်း ၁၅ နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက် အဖွဲ့ဝင် ၄ ဦးလုံးဟာ ပြန်လည်ဆုံစည်းပြီးတော့ ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်ခဲ့ကြပါတယ်။

အဖွဲ့ ဝင် ၄ ဦးက သူတို့ရဲ့ဆွဲဆောင်မှုရှိတဲ့ဓာတ်ပုံတွေကို အင်စတာဂရမ်အကောင့်မှာ တင်ပြီးတော့ ၁၅ နှစ်တာလုံး အားပေးခဲ့ ကြတဲ့ သူတို့ရဲ့ပရိသတ်တွေကို ချစ်ခြင်းမေတ္တာတွေ ပြသခဲ့ကြပါတယ်။

အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ CL ကလည်း သူ့ရဲ့ပရိသတ်တွေကို ကိုရီးယားလိုရော အင်္ဂလိပ်လိုပါ စာရေးသားခဲ့ပါတယ်။ “2NE1 ဆိုတာက လူတွေနဲ့ ချစ်ခြင်းမေတ္တာ၊ ပျော်စရာတွေ၊ ဖန်တီးမှုတွေ၊ ချိတ်ဆက်မှုတွေ လွတ်လပ်စွာ ခံစားစေခဲ့တဲ့ ငါ့ရဲ့အိမ်လေး တစ်လုံးဖြစ်ခဲ့တာပါ။ ဒီနေ့ 2NE1 က မင်းတို့ရဲ့အလင်းရောင်တွေကို ခံစားမိစေဖို့ သတိပေးရာရောက်ဖို့ မျှော်လင့်ပါတယ်။ အမြဲတမ်း ကျေးဇူးတင်နေပါတယ်”လို့ ရေးသားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမှားအယွင်းကင်းကင်းနဲ့သမိုင်းတစ်လျှောက်လေးနှစ်ဆက်ချန်ပီယံဖြစ်လာတဲ့ မန်ချက်စတာစီးတီး
Next post (၂၀-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ