မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီ တို့ လုပ်ငန်းသဘောတူညီချက် SPA လက်မှတ်ရေးထိုး

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင့်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီတို့ လုပ်ငန်း သဘောတူညီချက် Service Provision Agreement သတင်းဝန်ဆောင်မှု အသုံးပြုခြင်း စည်းကမ်းချက်ဆိုင်ရာ သဘောတူ စာချုပ်လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းလက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်ပြောကြားပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဆင်ဟွာသတင်းအေဂျင်စီ၊ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဗျူရို၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Kai တို့က မြန်မာ့အသံနှင့် ရုပ်မြင့်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီတို့ လုပ်ငန်းသဘောတူညီချက် Service Provision Agreement ကို (မြန်မာ-အင်္ဂလိပ်) နှစ်ဘာသာဖြင့် လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆင်ဟွာသတင်းဌာန (XINHUA NEWS AGENCY)ကို ၁၉၃၁ခုနှစ်တွင် Red China News Agencyအနေဖြင့် စတင်ဆောင်ရွက်ခဲ့ရာမှ ၁၉၃၅ခုနှစ်တွင် လက်ရှိအမည်ဖြင့် ပြောင်းလဲ ဆောင်ရွက်ခဲ့သော နိုင်ငံပိုင်သတင်းဌာန တစ်ခုဖြစ်သည်။ ၂၀၂၄ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ သတင်းဗျူရို ၁၈၀ ဖွင့်လှစ်၍ ဝန်ထမ်းအင်အား တစ်သောင်းကျော်ဖြင့် သတင်းရယူပြီး တရုတ် နိုင်ငံတွင် ဘာသာစကား ၆ မျိုးနှင့် နိုင်ငံတကာတွင် ဘာသာစကား ၈ မျိုး စုစုပေါင်းဘာသာ စကား ၁၄မျိုးဖြင့် News Media အသုံးပြု၍ ထုတ်လွှင့်နေကြောင်း သိရသည်။

၎င်းတို့ သတင်းဌာန၏ မူဝါဒမှာ သတင်းအကြောင်းအရာများ မှန်ကန်ခြင်းနှင့် မျှတခြင်းဖြစ်ပြီး ၎င်းတို့ သတင်း များကို ပြည်တွင်း၊ ပြည်ပနိုင်ငံများသို့ ဖြန့်ဖြူးရောင်းချခြင်း၊ သတင်းဖလှယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ MRTVနှင့် သတင်းများ အခမဲ့ ဖလှယ်အသုံးပြုရန်ကို ဆောင်ရွက်ခြင်းဖြစ်ပြီး ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရန် လုပ်ငန်းသဘောတူညီချက် Service Provision Agreement ကို ဦးစွာလက်မှတ်ရေးထိုးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၆-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ