(၁၆-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၆-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး အာဆီယံ အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှု အခြေအနေများအား ဆွေးနွေး

၂။ ဗဟိုဘဏ်က ထုတ်ပေးထားသည့် Money Changer လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်ခြင်း၊ လိုင်စင်ရှိသူများအနေဖြင့်လည်း သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အ‌ရေးယူမည်ဟု အသိပေး

၃။ ချင်းပြည်သူ့ပါတီ၏ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို UEC မှ ငြင်းပယ်

၄။ ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်(၉)ခုနှင့် ရှမ်းပြည်နယ် အ ရှေ့ပိုင်းဒေသတို နယ်စပ်ကုန်သွယ်မှုနှင့် ခရီးသွားကဏ္ဍ ဖွံ ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆွေးနွေး

၅။ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂) သင်တန်းကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ စတင်ဖွင့်လှစ်

၆။ ဦးအောင်ကြည်ညွန့်နှင့် ဦးကျော်ထွေးအပါအဝင် NUG ပုဂ္ဂိုလ်အချို အမေရိကန်တွင် အိမ်ဝယ်ထားကြပြီဆိုသော သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသော်လည်း သက်ဆိုင်သူများက နှုတ်ဆိတ်နေ

၇။ ကျိုင်းတုံတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ကျူးလွန်သူများကို  နာရီပိုင်းအတွင်း ဖမ်းမိ

၈။ မေလ ၁၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၁၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၆၀ ကျပ်၊ Octane 95 – ၂၇၆၅ ကျပ်၊ Diesel – ၂၃၂၅ ကျပ်၊ Premium Diesel – ၂၃၇၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယခုသီတင်းပတ်အတွင်း ရုရှားသမ္မတဗလာဒီမာပူတင် တရုတ်သို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်မည်

၂။ သမ္မတဗလာဒီမာပူတင်က ဘောဂဗေဒပညာရှင် အင်ဒရေဘယ်လူဆော့ကို ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်

၃။ ပါလက်စတိုင်းကို အခွင့်အရေးများပေးသည့် ကုလမဲခွဲမှုကို မကျေနပ်သဖြင့် အစ္စရေးသံအမတ်က ပဋိညာဉ်စာရွက်ကို ဖြတ်စက်ထဲထည့်

၄။ ပြင်သစ်မှာ အကျဉ်းထောင်အရာရှိနှစ်ဦးကို သတ်ပြီး အကျဉ်းသားတစ်ဦးကို ကယ်ထုတ်သွားတဲ့ သေနတ်သမားတွေကို အပူတပြင်း လိုက်လံရှာဖွေနေ

၅။ သူလျှိလုပ်မှုစွပ်စွဲချက်နှင့်ပတ်သက်ပြီး ဗြိတိန်နိုင်ငံဆိုင်ရာသံအမတ်ကြီးကို ဗြိတိန်အစိုးရဆင့်ခေါ်

၆။ အမေရိကန်က တရုတ်သွင်းကုန်များအပေါ် အခွန်စည်းကြပ်မှုအသစ်များချမှတ်

အားကစားသတင်းများ

၁။ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများအတွက် ဧရာဝတီဘဏ်မှ ကျပ်သိန်းနှစ်သောင်း ထပ်မံမတည်ပံ့ပိုးမည်

၂။ ပြိုင်ဘက် (၄) ယောက်အထိ ပြောင်းသွားတဲ့ ဂျောရှူဝါဗန်ရဲ့ UFC ပွဲစဉ် ယခုတစ်ခေါက် သေချာပြီလား

၃။ မြက်ခင်းပြင်ဘောလုံးကွင်းနှင့် ကစားသမား တစ်သားတည်းကျခြင်းကိုတင်စားသည့်အခမ်းအနား ကျင်းပ

၄။ ရီးရဲလ်စတားတစ်ဦးရဲ့ဘော်လွန်းဒီအော်အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အန်ဆယ်လော့တီ

၅။ ရာသီပိတ်ပွဲစဉ်မှာ အသင်းပရိသတ်တွေဆီ Good bye လုပ်ဖို့ အစီအစဉ်မရှိတဲ့ တန်ဟက်

အနုပညာသတင်းများ

၁။ တေးသီချင်း ဗီဒီယိုများကို မည်သည့်အချိန်က ရိုက်ကူးခဲ့သည်ဖြစ်စေ ဆင်ဆာမူဝါဒများနှင့် ညီညွတ်ခြင်းမရှိဘဲ ရိုက်ကူးထုတ်လွှင့်ပြသပါက ဒါရိုက်တာအပါအဝင် ဆက်စပ်ပါဝင်သူများအားလုံးကို ဥပဒေနှင့်အညီ အရေးယူမည်

၂။ အချစ်ခံကြည့် MTV သီချင်းနှင့် ပတ်သက်ပြီး သရုပ်ဆောင်ဗညာဘုန်းပြည့်၊ ဇာတ်ညွန်းရေးသူတို ဖမ်းဆီးခံထားရ

၃။ တောင်ကိုရီးယားပေါ့စ်အဆိုတော် အဲလီ “Single’s Inferno” မှ သရုပ်ဆောင် ချိုင်စီဟွန်နဲ့ dating သတင်း အတည်ပြု

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီ တို့ လုပ်ငန်းသဘောတူညီချက် SPA လက်မှတ်ရေးထိုး