
ချန်ပီယံရှစ်ရဲ့ ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ဆီကို ပြန်လည် ချီတက်လာမယ့် မြေခွေးပြာများ
ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တန်းပြန်တက်ခွင့် ရရှိထားတဲ့ လက်စတာအသင်းဟာ ဒီညမှာပဲ ပရက်စတန်အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရလိုက်တာကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံပါ ဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့် လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီး တစ်နှစ်အကြာမှာပဲ ချန်ပီယံရှစ်ရဲ့ အမှတ်ပေး ချန်ပီယံဆုနဲ့အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီကို တစ်ဖန်ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။



လက်စတာနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တိုက်ရိုက် တန်းတက်ခွင့် ရရှိနိုင်မယ့် အဆင့် (၂)နေရာအတွက်ကိုတော့ လိဒ်စ်နဲ့ အစ်ဝစ်ချ်တို့က အပြိုင်ဖြစ်နေကြပြီး လိဒ်စ်က အစ်ဝစ်ချ်ထက် တစ်ပွဲပိုကစားထားပြီး အမှတ် (၉၀)ချင်း တူနေတာကြောင့် အစ်ဝစ်ချ်အသင်းမှာ အခွင့်အရေး ပိုရှိနေရပါတယ်။
More Stories
လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဒုတိယပွဲစဥ်မှာ မြန်မာက ကာဂျစ္စတန် ကို ၅-၀ ဂိုးဖြင့် အနိုင်ရ
ဖေဖော်ဝါရီလ ၂၀ ရက် နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့တွင် ကျင်းပလျှက်ရှိသော လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဒုတိယပွဲစဥ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ကာဂျစ္စတန် အမျိုးသမီးအသင်းတို့ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ မြန်မာစံတော်ချိန် နေ့လည်...
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲအား ရန်ကုန်မြို့ ဥက္ကလာဂေါက်ကွင်း၌ သုံးရက်ကြာ ကျင်းပပြုလုပ်မည်
ဖေဖော်ဝါရီလ ၆ ရက် Burmese Golf (BG) မှ အဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Junior အဆင့်နှင့် ဝါသနာရှင်အဆင့် အမျိုးသမီး (Amateur) ပြိုင်ပွဲများ၏ ဖွင့်ပွဲကို...
မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၂၂ အသင်း၊ အမျိုးသား ယူ-၁၉ အသင်းများအတွက် နည်းပြသစ်များ ခန့်အပ်
ဖေဖော်ဝါရီလ ၅ရက်နေ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၂၂ အသင်းနှင့် အမျိုးသား ယူ-၁၉ အသင်းအတွက်...
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာ အသင်းမှ ပေါ်တူဂီနာမည်ကြီးတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အသက် ၃၀ နှစ်မပြည့်မီ သွင်းဂိုး ပေါင်းထက် အသက် ၃၀ ပြည့်ပြီးဂိုးအရေအတွက်က ကျော်လွန်ရန် နီးစပ်နေလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် အသက် ၄၀ နှစ်ပြည့်မြောက်တော့မည့် စီရော်နယ်လ်ဒိုသည် ကစားသမားဘဝတွင် အသက် ၃၀ နှစ်မပြည့်မီ ပြိုင်ပွဲစုံ သွင်းဂိုး ပေါင်း ၄၆၃ ဂိုး သွင်းယူထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ပြီးခဲ့သည့်တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သော ယူအေအီးကလပ် အယ်လ်ဝါဆီအသင်းအား...
One ပွဲဦးထွက်အဖြစ် ချစ်သူများနေ့မှာ ဖရန်စ္စကာဗီရာနဲ့ ထိုးသတ်သွားမယ့် ဘရော်နီကာ
မြန်မာအမျိုးသမီးဖိုက်တာ ကယန်းကျားသစ်မယ် ဘရော်နီကာဟာ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ ကျင်းပမဲ့ One Friday Fight 97 ပြိုင်ပွဲမှာ ချီလီနိုင်ငံသူ ဖရန်စ္စကာဗီရာနဲ့ ထိုးသတ်သွားမှာဖြစ်တယ်လို့ One Championship က...
ပရီးမီးယားလိဂ်တွင် မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ (၃)ရာသီဆက်တိုက် အနိုင်ရရှိသည့် ဒုတိယမြောက်အသင်းအဖြစ် ဘရိုက်တန်အသင်း မှတ်တမ်းဝင်
ဇန်နဝါရီလ ၂၀ ရက်နေ့ ဘရိုက်တန်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ (၃)ရာသီဆက်တိုက် အနိုင်ရရှိသည့် ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ဘရိုက်တန်အသင်းသည် မန်ယူအသင်းကို ယခုနောက်ပိုင်း ဆုံတွေ့မှုများ၌ တောက်လျှောက်အသာစီးယူနိုင်ခဲ့သည့် အသင်းဖြစ်ပြီး နောက်ဆုံးဆုံတွေ့ခဲ့သည့် ပရီးမီးယားလိဂ်(၇)ပွဲ၌...