Bridal Shower ပွဲကို သူငယ်ချင်းများ suprise ပြုလုပ်ခြင်း ခံရသော အဆိုတော် အိုင်ရင်းဇင်မာမြင့်

နှလုံးသားအရင်းအနှီး တေးသီချင်းနဲ့ ပရိသတ်တွေနဲ့ရင်းဘတ်ချင်းထိခဲ့တဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့်ကတော့ သူမရဲ့ bridal shower ပွဲကို သူငယ်ချင်းများရဲ့ suprise ပြုလုပ်ခြင်းကို ဧပြီလ ၂၃ ရက်နေ့က လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

“ချစ်ခြင်းများဖြင့် သက်ဆုံးတိုင် အေးချမ်းပျော်ရွှင်ကြပါစေ ညီလေးနဲ့ ညီမလေး။ Irene Sold Out ပါ။ မိန်းကလေးတိုင်းဟာ အချစ်ခံရဖို့အတွက် ထိုက်တန်ပါတယ်။ မိန်းကလေးတစ်ယောက်ကို တန်ဖိုးထားပြီး ချစ်ပြဖို့က ငွေကြေးတော့ လိုပေမဲ့ ငွေရှိမှ ဖြစ်တာတော့မဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ နောက်တစ်ခါထပ်မရတော့မဲ့ အချိန်လေးကို အကောင်းဆုံး အမှတ်တရလေးတွေနဲ့ ဖန်တီးပေးနိုင်ခြင်းဟာ ငွေထက်တန်ဖိုးရှိသော အဖိုးတန် ရတနာအချိန်လေးတွေပါပဲ။ ရတနာအချိန်လေးတွေကို ပိုင်ဆိုင်ခွင့်ရအောင် ခြွင်းချက်မရှိ ပိပိရိရိဖန်တီးပေးသွားနိုင်တဲ့ မောင်လေး Swam Htet Lu နဲ့ ချစ်ညီမလေး Irene တို့ ရိုးမြေကျ သက်ဆုံးတိုင် ပေါင်းသင်းချစ်ခင်သွားနိုင်ကြပါစေလို့ ချစ်ထိုက်က ရင်ထဲက ဆုတောင်းပေးလိုက်ပါတယ်။ ကဲ … အိုင်ရင်း Sold out ပါ ”လို့ အဆိုတော် ထိုက်ထိုက်တို့ ဇနီးမောင်နှံက ဆုမွန်တောင်းပေးထားတာဖြစ်ပါတယ်။

အဆိုတော် အိုင်ရင်းကတော့ Bride To Be ပွဲမှာ ပန်းရောင်ဂါဝန်လေးနဲ့ အပြုံးတွေ ဝေဆာနေတာလည်းဖြစ်ပါတယ်။ အိုင်ရင်းဇင်မာမြင့်ကို ချစ်ခင်ကြတဲ့သူတွေကတော့ တကယ်ကြီး Sold out ဖြစ်သွားပြီလို့ ရင်ဖွင့်ထားကြပါတယ်။ ဒါ့ပြင် ချစ်စရာကောင်းတဲ့ ချစ်သူစွမ်းထက်လူရဲ့ ဂရုစိုက်မှုတွေကြောင့် စိတ်ချမ်းသာနေတဲ့ပုံရိပ်တွေကိုလည်း တွေ့မြင်ရပါတယ်။

အဆိုပါပွဲကိုတော့ အနုပညာမောင်နှမတွေဖြစ်တဲ့ အဆိုတော် ထိုက်ထိုက်တို့ ဇနီးမောင်နှံ၊ ကေကေမိုး၊ ဂျူဝယ် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၅-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၅-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ