မုံရွာ သင်္ကြန်ပွဲတွင် အကအလှဂီတ၊စတုဒီသာများဖြင့် ဧည့်ခံမည်

မုံရွာမြို့မဟာသင်္ကြန်ပွဲတော်ကို ကန်သာယာ ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်များတွင်နေ့စဉ် နိုင်ငံကျော်ရုပ်ရှင် မင်းသား၊ မင်းသမီးများ၊ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော် အဆိုတော်များဖြင့် ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် (၁၃၈၅ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ကန်သာယာတွင် သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဗဟိုမဏ္ဍပ် အပါအဝင် ရေကစားမဏ္ဍပ် အသီးသီးတွင် ခေတ်ပေါ်တေးဂီတများ၊ သင်္ကြန်သီချင်းများ၊ သင်္ကြန်ယိမ်းအကများ၊ တပင်တိုင် အကများဖြင့် ဖျော်ဖြေခြင်း၊ DJ အကအဖွဲ့များဖြင့် ဖျော်ဖြေခြင်း၊ စတုဒီသာ မဏ္ဍပ်များတွင် စားသောက်ဖွယ်ရာ များ၊ အချိုရည်များ၊ အဖျော်ယမကာများဖြင့် နေ့စဉ်ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်းပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

မုံရွာမြို့ကန်သာယာတွင် ကျင်းပမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မည်သူမဆို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ပါကြောင်း မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီမှ အသိပေးဖိတ်ခေါ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၃-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်