(၁၃-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၃-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နေပြည်တော်ကို ဗဟိုပြု၍ တိုင်းပြည်သာယာဝပြောရေးကို ဘာသာရေးပိုင်းဆိုင်ရာမှ ဆောင်ရွက်ရေးသည် မိမိ၏ရည်ရွယ်ချက်ဖြစ်ကြောင်း နစက ဥက္ကဌ ပြောကြား

၂။ ရုရှား-မြန်မာပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေးကျင်းပ၊ အကြမ်းဖက်တိုက်ခိုက်မှုများကို နှစ်နိုင်ငံပူးပေါင်း၍ လျင်မြန်စွာတုံပြန်တိုက်ဖျက်မည်

၃။ ကရင်ပြည်နယ်၊ကော့ကရိတ်မြို နဲ့ ဆက်စပ် နေရာများကို တပ်မတော်က အပြည့်အဝ ထိန်းချုပ်လိုက်ပြီဖြစ်

၄။ ရုရှား – မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေများကို ဟာဗားနားမြို မြန်မာသံရုံးယာယီတာဝန်ခံနှင့် ကျူးဘားနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးတို ဆွေးနွေး ‌

၅။ မြန်မာများ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးလျှင် မြန်မာသံရုံးသို ဆက်သွယ်လုပ် ဆောင်သည့်အခါလိုအပ်သည့် အချက်များထုတ်ပြန်

၆။ ဗဟိုဘဏ်က ဧပြီ ၁၁ ရက် တစ်ရက်တည်း Money Changer ၁၉ ခုအထိ ထပ်မံအရေးယူခဲ့၍ တစ်လကျော်အတွင်း အရေးယူထားသည့် Money Changer ၄၈ ခုအထိ ရှိလာ

၇။ မန္တလေး ၊အောင်မြေသာစံမြိုနယ်တွင် မိသားစုဝင် (၃)ဦး အနုကြမ်းစီးခံရပြီးအ သ-တ်ခံရ

၈။ ဧပြီလ ၁၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၁၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၂၀ ကျပ်၊ Octane 95 – ၂၉၃၀ ကျပ်၊ Diesel – ၂၄၈၅ ကျပ်၊ Premium Diesel – ၂၅၃၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဒေါ်လာဘီလျံနှင့်ချီ လိမ်လည်ခဲ့မှုအတွက် ဗီယက်နမ် အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးတစ်ဦး သေဒဏ် ချမှတ်ခံရ

၂။ လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း အီရန်သည် အစ္စရေးကို တိုက်ခိုက်နိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေးဆို

၃။ တစ်ပတ်အတွင်း တင့်၊ သံချပ်ကာယာဉ်အပါအဝင် ရုရှားစစ်ယာဉ်မျိုးစုံ ၂၂၉ စီးကို ယူကရိန်းဒရုန်းတပ်ဖွဲက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့

၄။ တိုက်ပွဲများက မြန်မာ့ပြည်တွင်းရေးကိစ္စသာဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်သို ကူးစက်မလာစေရေး အာမခံပေးရန် ထိုင်းဝန်ကြီးချုပ်ပြော

၅။ Facebook Messenger မှာ ပုံအကြည်တွေ ပိုနိုင်တော့မယ်လို Meta ပြော

၆။ ဘင်္ဂလားဒေ့ရှ်၊ ဒက်ကာမြိုတော်ရှိ အမျိုးသားတိရစ္ဆာန်ရုံတွင် ဆင်ထိန်း၏သားဖြစ်သူက လှောင်အိမ်ဝင်းအတွင်း ဝင်မိရာမှ ဆင်၏တိုက်ခိုက်မှုခံရ၍ သေဆုံး

အားကစားသတင်းများ

၁။ ရန်ကုန်ယူနိုက်တက် အမျိုးသမီးဘောလုံးအသင်းလေ့ကျင့်နေပြီး အသစ်ထပ်ရွေးထားသူများလည်းပါဝင်

၂။ ကွင်းလယ်ဒိုင်ကို ဝေဖန်ခဲ့တာကြောင့် နည်းပြခွင့်ပိတ်ပင်ခံလိုက်ရတဲ့ ဘန်လေနည်းပြ ကွန်ပနီ

၃။ လီဗာပူးအသင်းက အခြေအနေတွေကို ကိုင်တွယ်နိုင်စွမ်း ကင်းမဲ့ခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ ယာဂန်ကလော့ပ်

၄။ အသင်းကြီးတွေရဲ့ပစ်မှတ် တိုနေးကို ဈေးချလိုက်တဲ့ ဘရန့်ဖို့ဒ်

၅။ လေဗာကူဆင်ရဲ့ အပြုအမူတွေအပေါ် ပေါက်ကွဲနေပြီး သိက္ခာမရှိဘူးလို့ ဝေဖန်လိုက်တဲ့ ဒေးဗစ်မိုယက်စ်

အနုပညာသတင်းများ

၁။ နာမည်ကြီး အဆိုတော်တွေနဲ့ AQUA INYA Thingyan Music Festival ကို ၄ ရက်တိုင် ကျင်းပမည်

၂။ မြန်မာ့ရိုးရာသင်္ကြန် တိမ်မြုပ်ပျောက်ကွယ်နေတဲ့အပေါ် စိတ်မကောင်းဖြစ်မိလို သီချင်းလေးတစ်ပုဒ်ရေးပြီး ခံစားပုံဖော်ထားတယ်ဆိုတဲ့ ဟင်နရီ

၃။ Online Facebook Page တွေမှာ တက်လာတဲ့ အသံဖိုင်ထဲနာမည် ထည့်ပြောလိုက်မိသူတွေကို တောင်းပန်ကြောင်း သတင်းစာကြော်ငြာထည့်လာတဲ့ အဆိုတော် အောင်လ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မုံရွာ သင်္ကြန်ပွဲတွင် အကအလှဂီတ၊စတုဒီသာများဖြင့် ဧည့်ခံမည်
Next post (၁၃-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ