မြန်မာနိုင်ငံ အခြေအနေမတည်ငြိမ်ဖိုနှင့် ကိုလိုနီလက်သစ်ရည်မှန်းချက်များသွတ်သွင်းဖို အနောက်နိုင်ငံများက အစွန်း ရောက်အုပ်စုများကို ထောက်ခံအားပေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးပြောကြား

A wide view of the Security Council meeting on the situation in Myanmar.

ဧပြီလ ၅ ရက်

အနောက်နိုင်ငံများအနေဖြင့် အခြအနေကို မတည်ငြိမ်စေဖိုနှင့် ကိုလိုနီလက်သစ်ရည်မှန်းချက်များ သွတ်သွင်းဖို အတွက် မြန်မာနိုင်ငံတွင် အစွန်းရောက်အုပ်စုများကို ထောက်ခံအားပေးလုပ်နေတယ်လို ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာဆီလီ နီဘင်ညာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဧပြီ ၄ရက်က ပြောကြားလိုက်ပါတယ်။

ရုရှားအစိုးရအနေနှင့် ရခိုင်ပြည်နယ်က အစွန်းရောက်တွေ အထူးသဖြင့် Arakan Army လိုဆိုတဲ့ အဖွဲရဲ့ လှုပ်ရှားမှုတွေ အပေါ် စိုးရိမ်ပူပန်မှုတွေရှိတယ်လို သံအမတ်ကြီးကပြောပါတယ်။

“ အဲဒီ တပ်တွေ (ယေဘုယျအားဖြင့် ဆန့်ကျင်ဖက်လက်နက်ကိုင်တွေ) ကို အနောက်နိုင်ငံတွေက ထောက်ခံအားပေးနေပြီး သူတိုရဲ့ ကိုလိုနီလက်သစ်ရည်မှန်းချက်တွေရရှိဖို အသုံးချနေတယ်ဆိုတဲ့ အထောက်အထားအများကြီးရှိနေပါတယ်။ တစ်ပြိုင် နက်တည်းလိုပါပဲ အမေရိကန်၊ ဗြိတိန်နှင့် သူတိုရဲ့ မဟာမိတ်တွေဟာ ဒုက္ခသည်တွေပြန်လက်ခံပေးဖို မြန်မာခေါင်းဆောင်တွေကို ဖိအားတိုးမြှင့်ပေးဖို လူသိရှင်ကြားတောင်းဆိုနေကြတယ်။ အဲဒီလိုလုပ်ခြင်းဖြင့် သူတိုဟာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ တွေကို ပိုမိုမတည်ငြိမ်အောင်မီးထိုးပေးနေပြီး IDP စခန်းတွေရဲ့အခြေအနေတွေကိုလည်း ပိုမိုဆိုးရွားအောင်လုပ်နေကြတယ်” လို သူကဆက်ပြောပါတယ်။

” အနောက်နိုင်ငံတွေဟာ ဒေသအတွင်းမှာ သူတိုရဲ့ကိုယ်ပိုင် ပထဝီနိုင်ငံရေး အကျိုးစီးပွားကိုပဲမြှင့်တင်ဖိုပဲ စိတ်ဝင်စားကြတယ်” လို ရုရှားသံအမတ်ကြီးကပြောပါတယ်။ မြန်မာအာဏာပိုင်တွေဟာ သူတိုလိုအပ်ချက်တွေ ဖြည့်ဆည်းလိုမရနိုင်အောင် လုပ်နေကြတယ်လိုလည်းသူကပြောပါတယ်။

” ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် လွတ်လပ်မှုတိုကိုပထမဦးစားပေး ထားရှိတယ် ” လို သူကပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးအစီအစဉ်တွေအကြိုက် ဘက်လိုက်မှုမရှိကြတဲ့ မိတ်ဆွေတွေအားလုံး ကျွန်တော် တိုနှင့် အတူပူးပေါင်းလုပ်ဆောင်ကြဖို ဖိတ်ခေါ်တိုက်တွန်းပါတယ်လိုလည်း သံအမတ်ကြီးက ပြောပါတယ်။

Source TASS

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၅-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၅-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ