(၅-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၅-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ပြည်ပနိုင်ငံအချိုနှင့် အကြမ်းဖက်သမာများသည် Media ကို လက်နက်အဖြစ် အသုံးချကာ တပ်တွင်းစည်းလုံးမှုပြိုကွဲရေးကို ဦးတည်လုပ်ဆောင်နေဟု ဒုတပ်ချုပ်ဆို

၂။ နေပြည်တော်လေဆိပ်သို ပျံသန်းဝင်ရောက်လာသော ဒရုန်းများအား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲက ပစ်ချဟန့်ထား

၃။ ရန်ကုန်တိုင်းတွင် တိုင်းဒေသကြီးဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၀ ခု၊ လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ် တစ်ခုစီ၊ ခရိုင်/မြိုနယ်များတွင် ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် ၁၇၆ ခု၊ လမ်းလျှောက်သင်္ကြန် နှစ်ခုတိုဖြင့် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်မည်

၄။ စီးပွားရေး လုပ်ငန်း (၄၈၀) ကျော်ပြသ သောဗီယက်နမ်နိုင်ငံ နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာပါဝင်ပြသ

၅။ ဗဟိုဘဏ် Logo အားသုံး၍ Quick Loan အမည်ဖြင့် တရားမဝင်ချေးငွေထုတ်ချေးမှုများ ဆောင်ရွက်နေသည့် အပလီကေးရှင်းကို အရေးယူသွားမည်ဟုဆို

၆။ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းစတင်နိုင်ရန် ဆက်လက်ညှိနှိင်း

၇။ အာဆီယံ – ရုရှား ညှိနှိင်းရေးမှူးတာဝန်ကို ဇူလိုင်လမှစတင်ကာ မြန်မာက တာဝန်ယူမည်

၈။ ဧပြီလ ၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၆,၃၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၉၅ ကျပ်၊ Octane 95 – ၂၉၁၅ ကျပ်၊ Diesel – ၂၄၀၀ ကျပ်၊ Premium Diesel – ၂၄၄၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ထိုင်းဖွဲစည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက Move Forward ပါတီ ဖျက်သိမ်းရေးနှင့် ပတ်သက်သည့်အမှုကို ကြားနာစစ်ဆေးရန် သဘောတူ

၂။ ပြဇာတ်ရုံတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးရန် အနောက်အုပ်စုနိုင်ငံများကို ရုရှားအစိုးရတောင်းဆို

၃။ အစ္စရေးဝန်ကြီးချုပ်နေအိမ်အပြင်ဘက်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွား

၄။ လာမည့်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်စီစဉ်ထားကြောင်း ယူကရိန်းသမ္မတဟောင်းထုတ်ဖော်ပြောဆို

၅။ အိန္ဒိယတွင် လုံခြုံရေးတပ်ဖွဲဝင်များနှင့် Maoist သူပုန်အဖွဲကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနည်းဆုံးသူပုန်(၁၃)ဦးသေဆုံး

၆။ စင်္ကာပူ၌ ဆင်းမ်ကတ်အလွဲသုံးစားလုပ်မှုကို အရေးယူမည့် ဥပဒေသစ်ကို အတည်ပြု

အားကစားသတင်းများ

၁။ မြန်မာနေရှင်နယ်လိဂ် -၂ ပွဲစဉ် တစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်သည့် တိုက်စစ်မှူး စာရင်းများထွက်ပေါ်

၂။ မဟာယူနိုက်တက်အသင်းက ယူ -၂၀ လူငယ်အသင်း ထပ်မံတည်ထောင်မည်

၃။ မွေထိုင်းဖိုက်တာ ဆက်ဆန်ခွမ်းမြူနှင့် စိုးလင်းဦးကို ပွဲတည်ပေးရန် ထိုင်းပရိတ်သတ်များ One Championship တောင်းဆိုနေ

၄။ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ AFC Club လိုင်စင် ဆောင်ရွက်မှုအခြေအနေများအား MNL FIB အဖွဲစစ်ဆေး

၅။ သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ဘယ်နေရာမှာ ရနိုင်မလဲဆိုတာ ဆောက်ဂိတ်ဆီ သတင်းစကားပါးလိုက်တဲ့ ဖိုဒန်

အနုပညာသတင်းများ

၁။ ဘီယာဗိုက် သီချင်းဗီဒီယို ရိုက်ကူးခဲ့သည့် အဆိုတော် မေသူ၊ ဟာသရုပ်ဆောင် အိုကေနှင့် သက်ဆိုင်သူများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ – ၃၃(က) ဖြင့် အမှုဖွင့်

၂။ ကာမရာဂလှုဆော်မှုအပါအဝင် ‌ဆင်ဆာမူဝါဒများကို လိုက်နာခြင်းမရှိဘဲ တေးသီချင်းဗီဒီယိုရိုက်ပါက ဒါရိုက်တာနှင့် သရုပ်ဆောင်များကို အရေးယူသွားမည်ဟု သတိပေး

၃။ နှစ်ယောက်ကနေ သုံးယောက်ဖြစ်တော့မယ်ဗျို” ဆိုတဲ့ နေဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “ဘီယာဗိုက်”သီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့တဲ့ အဆိုတော် မေသူ၊ ဟာသရုပ်ဆောင် အိုကေနဲ့ တခြား သက်ဆိုင်သူကို အမှုဖွင့်
Next post မြန်မာနိုင်ငံ အခြေအနေမတည်ငြိမ်ဖိုနှင့် ကိုလိုနီလက်သစ်ရည်မှန်းချက်များသွတ်သွင်းဖို အနောက်နိုင်ငံများက အစွန်း ရောက်အုပ်စုများကို ထောက်ခံအားပေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးပြောကြား