” ကိုထိုက် ” နဲ့ ” မဏိစစ် ” တို့ ဂုဏ်ပြုတက်ရောက်ခဲ့တဲ့ သင်းရွှေစင် စိန်ရွှေရတနာ ဆိုင်ခွဲသစ်ဖွင့်ပွဲ

သင်းရွှေစင် အာမခံစိန်ရွှေရတနာဆိုင်ရဲ့(၅)ဆိုင်မြောက် ဆိုင်ခွဲသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ (၃) ရက်နေ့ မနက်(၈) နာရီက အမှတ် ( ၇၈၀) , (၁၃) လမ်း နှင့် (၁၄) လမ်းကြား , မဟာဗန္ဓုလလမ်းပေါ် , လမ်းမတော်မြို့နယ် , ရန်ကုန်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို အနုပညာရှင်များ ဖြစ်ကြတဲ့ သရုပ်ဆောင် ဗညားဘုန်းပြည့် နှင့် ရတနာဗိုလ်တို့က ဂုဏ်ပြု တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆိုင်ခွဲသစ်ဖွင့်ပွဲမှာ ဝယ်ယူအားပေးကြသူများကို ဗလာမပါ ရွှေသားကံစမ်းမဲ များလည်း မဲဖောက်ပေးခဲ့ကြပါတယ်။

သင်းရွှေစင် အာမခံစိန်ရွှေရတနာ ဆိုင်ရဲ့ (၅)ဆိုင်မြောက် ဆိုင်ခွဲသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဝယ်သူအားပေးကြသူတိုင်းကို ရွှေသားဗလာမပါကံစမ်းမဲတွေနဲ့ ကျေးဇူးတုန့်ပြန်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လူရွှင်တော်ကြီးဦးနေကျော်ကို ဆေးကုသရန်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်
Next post (၄-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်