
Gen V သရုပ်ဆောင် Chance Perdomo မတော်တဆ မှုကြောင့် ရုတ်တရက်ကွယ်လွန်
မကြာသေးခင်က ထွက်ရှိထားခဲ့တဲ့ Amazon Prime Video ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Gen V ရဲ့ သရုပ်ဆောင် Chance Perdomo ဟာ ရုတ်တရက်ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
Gen V ဇာတ်လမ်းတွဲက Andre Anderson နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား Chance Perdomo ဟာ ဆိုင်ကယ် မတော်တဆမှုနဲ့ကွယ်လွန်သွားကြောင်း သိရပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၂၇)နှစ်ပဲရှိပါသေးတယ်။Chance Perdomo ဟာ Netflix ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Chilling Adventures of Sabrina မှာလည်း ပါဝင်ခဲ့ပါသေးတယ်။

Chance Perdomo ကွယ်လွန်သွားကြောင်းကို ၎င်းရဲ့ပြောရေးဆိုခွင့်ရှိသူဘက်က ထုတ်ပြန်အတည်ပြုခဲ့တာဖြစ်ပြီး အဆိုပါအတည်ပြုချက်အရ Chance Perdomo ရဲ့ မတော်တဆမှုဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ ပယောဂ မပါဝင်ကြောင်းသိရှိရသလို မိသားစုဝင်တွေကိုထောက်ထားသောအားဖြင့် မေးမြန်းစုံစမ်းခြင်းများမပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားပါသေးတယ်။
More Stories
ချစ်သူသက်တမ်း ၁၃ နှစ်ကာလမှာ သစ္စာရှိစွာနဲ့ ရွှေလက်တွဲ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်
သရုပ်ဆောင် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ရဲ့ ချစ်သူသက်တမ်း ၁၃ နှစ်ကာလမှာ သစ္စာရှိစွာနဲ့ ရွှေလက်တွဲခဲ့ကြပြီး မင်္ဂလာဦးဆွမ်းကပ်ခြင်းနဲ့ မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို ယနေ့ မတ်လ ၁၈ ရက် နံနက်ပိုင်းက မှော်ဘီမြို့၊ ဂျပန်ဘုရားဥယျာဉ်ရှိ အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ...
Tom Cruise နဲ့ Ana De Armas တို့ရဲ့ ကန်ဒေါ်လာ သန်း ၂၀၀ တန် ရုပ်ရှင်သစ်
ဒါရိုက်တာ Doug Liman ရိုက်ကူးသွားမယ့် ဟောလိဝုဒ်ရုပ်ရှင် Deeper မှာ နာမည်ရသရုပ်ဆောင် Ana De Armas နဲ့ ထိပ်သီးဟောလိဝုဒ်သရုပ်ဆောင် Tom Cruise တို့က အဓိကပါဝင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ Tom Cruise ဟာ...
မေလ ၁၈ ရက်မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦးဆွမ်းကျွေး ကျင်းပမယ့် ကောင်းပြည့်နဲ့ သန္တာဗိုလ်
ချစ်သူသက်တမ်း ၁၃ နှစ်ကျော်ရှိလာတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦးဆွမ်းကျွေးတို့ကို မကြာခင် ကျင်းပသွားမှာဖြစ်ပါတယ်။ “စွံ ကုန်ပြီဟေ့ One of my Favorite Couples လေးပါ” လို့...
သရဲဟာသ ဇာတ်လမ်းပုံစံ “နေမဝင်ရွာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပ
Lotus Film Production က သရဲဟာသ ဇာတ်လမ်းပုံစံ “နေမဝင်ရွာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို မေလ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ “ကျွန်တော်က ဒီဇာတ်ကားမှာ...
မွေးနေ့ကုသိုလ်အလှူအဖြစ် ပုဂံမှာ မောင်ရှင်လောင်း ၃၁ ပါးကို ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပပေးခဲ့တဲ့ အကယ်ဒမီ မေမြင့်မိုရ်
အလှူဒါယိကာမ အကယ်ဒမီ မေမြင့်မိုရ်ရဲ့ မွေးနေ့ကုသိုလ် အလှူအဖြစ် မောင်ရှင်လောင်း ၃၁ ပါးအလှူတော် မင်္ဂလာအခမ်းအနားကို ပုဂံမြို့၊ အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ “မေရဲ့ မွေးနေ့အကြို အလှူအနေနဲ့ ပုဂံ၊ ညောင်ဦးမြို့မှာ ရှင်လောင်း ၃၁ ပါး...
ဝါရင့်သရုပ်ဆောင်နဲ့ဒါရိုက်တာကြီး မောင်မောင်မြင့် ရဲ့ နောက်ဆုံးခရီးပုံရိပ်များ
ကွယ်လွန်သွားခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသားချော ပြေငြိမ်း ရဲ့ ဖခင်လည်း ဖြစ် ၊ နိုင်ငံကျော်ဝါရင့်အနုပညာရှင်ကြီးတစ်ဦးလည်း ဖြစ်တဲ့ သရုပ်ဆောင်နဲ့ ဒါရိုက်တာကြီး ဦးမောင်မောင်မြင့်ဟာ မေလ ၇ ရက် မနက် ၁၀ နာရီက ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။...