အကြမ်းဖက်သမားတွေက လူနာတင်ကားကို မိုင်းခွဲပြီး သေနတ်ပစ်လို့ လူနာနဲ့ ယာဉ်မောင်း ဒဏ်ရာရ


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကမာဆိုင်ကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်မှာ မတ်လ ၂၇ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်က လူနာတင်ကားတစ်စီးကို အကြမ်းဖက်သမားတွေက မိုင်းခွဲပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် လူနာနဲ့ ယာဉ်မောင်းဖြစ်သူတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ လူနာတင်ကားက အကြင်နာတွဲလက် လူမှုကူညီရေးသင်းပိုင်ယာဥ်ဖြစ်ပြီး လူနာပို့ဖို့အတွက် သထုံမြို့ကနေ ရန်ကုန်မြို့ကိုထွက်ခွာလာစဥ် ကမာဆိုင်ကျေးရွာ၊ ကွက်သစ်အနီးအရောက်မှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုကြောင့် လူနာတင်ကားပျက်စီးသွားခဲ့သလို အဲဒီလူနာတင်ကားပေါ် လိုက်ပါလာသူ ခြောက်ဦးအနက် ယာဉ်မောင်းဖြစ်သူ အမျိုးသားမှာ တင်ပါးနဲ့ နှာခေါင်း သေနတ်ရှပ်ထိ ဒဏ်ရာ၊ ဘယ်ဘက်ရင်အုံနဲ့ မေးအောက် မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး လူနာတစ်ဦးမှာလည်း ဒူးခေါင်း ကျည်ရှပ်ထိဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၈-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၉-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်