ခြေစမ်းပွဲမှာ ပြန်ဆုံခဲ့ကြတဲ့ ဒီမာရီယာနဲ့ရော်နယ်ဒို

ဇူလိုင်လ ၂၁ရက်

ခြေစမ်းပွဲမှာ ပြန်ဆုံခဲ့ကြတဲ့ ဒီမာရီယာနဲ့ရော်နယ်ဒို

ပြီးခဲ့တဲ့ညမှာကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ ဘင်ဖီကာတို့ရဲ့ ခြေစမ်းပွဲမှာတော့ တစ်ချိန်က မက်ဒရစ်စတားနှစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဒီမာရီယာတို့ ပြန်ဆုံခဲ့ကြပါတယ်။ ပွဲမတိုင်ခင် နှစ်ဘက်အသင်းသားတွေ နူတ်ဆက်ချိန်မှာ မြင်တွေ့ရတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်ကတော့ တစ်ကမ္ဘာလုံးကို ပရိသတ်တွေရဲ့ရင်ကို နွေးထွေးစေလိမ့်မယ်လို့ ထင်ပါတယ်။ ဒီမာရီယာနဲ့ ရော်နယ်ဒိုတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အတွဲညီခဲ့ကြပြီး ၁၁ နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကို ၂၀၁၄ ခုနှစ်မှာ ရယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ခြေစမ်းပွဲမှာတော့ ဘင်ဖီကာက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီမာရီယာက ဘင်ဖီကာအတွက် အနိုင်ဂိုး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၂ ကစားသမား (၄၀)ဦးထွက်ပေါ်
Next post ရုပ်ရှင်သရုပ်ဆောင် စည်သူမောင်နှင့် နော်ဇင်ပိုပိုတို့၏ မင်္ဂလာဧည့်ခံပွဲအခမ်းအနား