ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၂ ကစားသမား (၄၀)ဦးထွက်ပေါ်

ဇူလိုင်လ ၂၁ ရက်

ဂျပန်နိုင်ငံ ချီဘားမြိုတွင် လာမည့် ဩဂုတ်လ (၂၄) ရက်မှ (၂၇) ရက်အထိ ကျင်းပပြလုပ်မည့် (၁၁) ကြိမ်မြောက် U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၂ ကစားသမား (၄၀) ဦး စာရင်းအားနည်းပြအဖွဲနှင့် ကစားသမား ရွေးချယ်ရေး အဖွဲတိုက ယမန်နေ့တွင် ထုတ်ပြန်လိုက်ပါတယ်။

ယူ-၁၂ ကစားသမား ရွေးချယ်ရေးအဖွဲနှင့် ယူ-၁၂ နည်းပြအဖွဲတိုဟာ ပြီးခဲ့တဲ့ ဇူလိုင် (၁၄၊ ၁၅၊ ၁၆၊ ၁၇)ရက်နေ့တို့က အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်(၂)ခုခွဲ၍ ကစားသမား ရွေးချယ်ပွဲများ ပြုလုပ်ခဲ့ပြီး ပဏာမ လူ (၄၀) ဦးစာရင်းအား ကနဦး စိစစ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

ပဏာမစာရင်းမှာ ပြင်ပမှ လာရောက်ရွေးချယ်ခံသူ (၂၃) ဦး၊ အကယ်ဒမီများမှ (၁၇) ဦး၊ စုစုပေါင်း (၄၀)ဦးရွေးချယ်ခံခဲ့ရပြီး အဆိုပါ ကစားသမားများအား မြန်မာ့လက်ရွေးစင် အသင်းများအဆောင်တွင် စခန်းဝင် လေ့ကျင့်စေပြီးနောက် ကစားသမား(၂၅)ဦးအား ထပ်မံရွေးထုတ်သွားမည် ဖြစ်သည်။ (ကစားသမားရွေးချယ်ရာတွင် နိုင်ငံဒေသ အသီးသီးသို သွားရောက်ရွေးချယ်ခဲ့သည့် FIFA-MFF TDS Scouting Tour မှကစားသမားများ၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဒေသအသီးသီးမှ ကစားသမားများအား ဖိတ်ခေါ်၍ မြန်မာ ယူ-၁၂ နည်းပြအဖွဲနှင့် Scouting အဖွဲတိုမှ ဇုန်အလိုက် ရွေးချယ်ခဲ့ခြင်းဖြစ်) အဆိုပါ (၂၅) ဦးလူစာရင်းအတိုင်း လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ပြီး ဩဂုတ်လ ဒုတိယအပတ်အတွင်း အပြီးသတ် ကစားသမား (၁၈)ဦးကို ရွေးချယ်ထုတ်ပြန်၍ ဂျပန်နိုင်ငံသို U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မြန်မာ ယူ-၁၂ အသင်းရဲ့ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တရားစခန်း(၂)ပတ်ဝင်ပြီး ကုသိုလ်ယူသော အဆိုတော် ချမ်းမြှေ့မောင်ချို
Next post ခြေစမ်းပွဲမှာ ပြန်ဆုံခဲ့ကြတဲ့ ဒီမာရီယာနဲ့ရော်နယ်ဒို