အယ်လ်ဟီလယ်ကို မက်ဆီနဲ့ ဆွာရက်ဇ် ဂိုးသွင်းခဲ့ပေမယ့် ၄-၃နဲ့ အင်တာမိုင်ယာမီ ရှုံး
ဆော်ဒီမြေမှာ ကစားခဲ့တဲ့ အယ်လ်ဟီလယ်နဲ့ အင်တာမိုင်ယာမီတို့ရဲ့ခြေစမ်းပွဲက နှစ်သင်းပေါင်း ၇ ဂိုးနဲ့ ဖျော်ဖြေမှုပေးပြီး မက်ဆီတို့ နိုင်ပွဲပျောက်ခဲ့ရပြန်ပါတယ်။ အင်တာမိုင်ယာမီဟာ ပထမပိုင်း ၁၃ မိနစ်အတွင်း ၂ ဂိုးပေးခဲ့ရတာက စိတ်ပျက်စရာပါ။ ဆွာရက်ဇ်က ၃၄ မိနစ်မှာ ချေပဂိုးတစ်ဂိုး သွင်းခဲ့ပေမယ့် ၄၄ မိနစ်အရောက် ဂိုးထပ်ပေးခဲ့ရပါတယ်။
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ ၅၄ မိနစ်မှာ ပင်နယ်တီကနေ ဂိုးသွင်းပြီး နောက်တစ်မိနစ်အကြာ ရူးအစ်အတွက် ဂိုးဖန်တီးပေးခဲ့ပါတယ်။ အကြိတ်အနယ်ကစားရင်း အယ်လ်ဟီလယ်အတွက် အနိုင်ဂိုးကို မယ်လ်ကွန်က ၈၈ မိနစ်မှာ သွင်းခဲ့တာကြောင့် အင်တာမိုင်ယာမီ ရှုံးခဲ့တာပါ။ အင်တာမိုင်ယာမီဟာ ရာသီကြိုခြေစမ်းပွဲ ၃ ပွဲမှာ ၁ ပွဲသရေ၊ ၂ ပွဲရှုံးကာ ပြိုင်ပွဲစုံ ၁၁ ပွဲဆက် အနိုင်ပျောက်နေပါတယ်။ မိုင်ယာမီဟာ ဖေဖော်ဝါရီ ၂ ရက်မှာ အယ်လ်နာဆာနဲ့ ခြေစမ်းမှာဖြစ်ပါတယ်။
More Stories
ရေဘေးသင့်ပြည်သူများကို ကူညီရန် လေလံတင်ရောင်းချနေသည့် ထွန်းထွန်းမင်း၏ ချန်ပီယံ ခါးပါတ် ကျပ်သိန်း (၄၀၀)အထိ ရရှိနေ
စက်တင်ဘာလ ၁၃ ရက် ရေဘေးသင့်ပြည်သူများကို ကူညီရန်အတွက် လေလံတင်ရောင်းချနေသည့် ထွန်းထွန်းမင်း၏ ချန်ပီယံ ခါးပါတ်မှာ ယနေ့ အချိန်အထိ ကျပ်သိန်း (၄၀၀)အထိ ရရှိနေကြောင်း ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း က ပြောပါတယ်။ "အခုကျပ်သိန်း(၄၀၀)အထိ ရနေပါတယ်။...
ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာက ရွှေ၊ ငွေ၊ ကြေး တစ်ခုစီ ဆွတ်ခူးထား
စက်တင်ဘာလ ၇ ရက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ ရွှေ၊ ငွေ၊ ကြေး တစ်ခုစီ ဆွတ်ခူးထားနိုင်တယ်လို့ သိရပါတယ်။ ထိုင်းဘုရင့်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းဟာ Mixed Regu Event (၅)...
အောင်လ နှင့် အာဒိုဂန် တို့ လာမည့် စက်တင်ဘာလ(၇)ရက်နေ့တွင် ယှဉ်ပြိုင်ထိုးသတ်ကြမည်
စက်တင်ဘာလ ၃ ရက် ONE 168 ပြိုင်ပွဲကြီးကို လာမယ့် စက်တင်ဘာလ(၇)ရက် (စနေနေ့) နံနက် မြန်မာစံတော်ချိန် (၆)နာရီခွဲတွင် အမေရိကန်နိုင်ငံ၊ ဒန်ဗာမြိုရှိ ဘောအရီနာ ကွင်းကြီးထဲ၌ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အောင်လအန်ဆန်း နှင့်...
MMA ပွဲပေါင်း (၂၀)ထိုးသတ်ထားသည့် ဂျပန်ဖိုက်တာ နိုကီယူဒါနှင့် ချင်းတိုင်းရင်းသား ဖိုက်တာ တီရယ်ထန် ယှဉ်ပြိုင် ထိုးသတ်မည်
ဩဂုတ်လ ၁၅ ရက် ဂျပန်နိုင်ငံ၏ ပရိုမိုးရှင်းပွဲတစ်ခုဖြစ်သည့် TTF Challenge 10 ပြိုင်ပွဲတွင် MMA ပွဲပေါင်း (၂၀)ထိုးသတ်ထားသည့် ဂျပန်ဖိုက်တာ နိုကီယူဒါနှင့် ချင်းတိုင်းရင်းသား ဖိုက်တာ တီရယ်ထန်တို ဩဂုတ်(၁၆)ရက် ညနေပိုင်းအချိန်တွင် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။...
အိုလံပစ် အားကစားပြိုင်ပွဲ ဝင်ခဲ့သူ မြန်မာကိုယ်စားပြုနှစ်ဦးကို ပြင်သစ်သံရုံး ဂုဏ်ပြု
ဩဂုတ်လ ၂ ရက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပနေသည့် ပါရီ-၂၀၂၄ အိုလံပစ် အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာကိုယ်စားပြုနှစ်ဦးကို ပြင်သစ်သံရုံးက ဂုဏ်ပြုကြောင်း ဩဂုတ်လ (၁) ရက်တွင် ထုတ်ပြန်ထားပါတယ်။ ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် ကြက်တောင်အားကစားမယ်...
မြန်မာ့လက်ရွေးစင် နောက်ခံကစားသမား ဇော်မင်းထွန်းကို ထိုင်းလိဂ်(၂) ကလပ် ထရတ်အသင်း ပြန်လည်ခေါ်ယူ
ဩဂုတ်လ ၃ ရက် မြန်မာ့လက်ရွေးစင် နောက်ခံကစားသမား ဇော်မင်းထွန်းကို ထိုင်းလိဂ်(၂) ကလပ် ထရတ်အသင်းက ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဇော်မင်းထွန်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ဘောလုံးရာသီအတွင်း ထရတ်အသင်း၌ တစ်ရာသီ ကစားခဲ့ဖူးပြီး အသင်းအတွက် (၂၂) ပွဲ...