လီယိုနယ်မက်ဆီကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်တဲ့ အင်တာမီယာမီ

ဇူလိုင်လ ၁၇ ရက်

ယမန်နေ့ညကပဲ လီယိုနယ်မက်ဆီဟာ အင်တာမီယာမီရဲ့ official ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါပြီ။

သူ့ official အပြောင်းအရွှေ့ကို အင်တာမီယာမီအသင်းရဲ့ ဆိုရှယ်မီဒီယာတွေမှာရော မေဂျာလိဂ်ပြိုင်ပွဲရဲ့ ဆိုရှယ်မီဒီယာတွေမှာပါ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ချက်ချင်းဆိုသလိုပဲ မေဂျာလိဂ်ပြိုင်ပွဲရဲ့ ဆိုရှယ်မီဒီယာတွေမှာ description ”The 🐐 plays here” ဆိုတဲ့ အသစ်တစ်ခု တိုးလာတာကိုပါ တွေ့ခဲ့ရပါတယ်။

သူတို့လိဂ်မှာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားက လာကန်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ သူတို့ပြိုင်ပွဲကို အင်တာမီယာမီရဲ့ကစားသမားသစ်နဲ့ ပရိုမိုးရှင်းဆင်းခဲ့တာ ဖြစ်ပါတယ်။

ကစားသမားဘဝ ပထမဆုံးအကြိမ် အမေရိကန်မေဂျာလိဂ်မှာ ကစားခွင့်ရရှိဖို့ အခွင့်အရေးပေးအပ်လာတဲ့ ဒေးဗစ်ဘက်ခမ်းကို ကျေးဇူးအထူးတင်ပါတယ်လို့ အင်တာမီယာမီ ကစားသမားသစ် မက်ဆီက အသင်းပရိသတ်တွေနဲ့ မိတ်ဆက်တဲ့အခမ်းအနားအတွင်း ပြောဆိုလိုက်ပါတယ်။

အင်တာမီယာမီပူးတွဲအသင်းပိုင်ရှင်ဒေးဗစ်ဘက်ခမ်း ဦးဆောင်ကျင်းပတဲ့ အံ့ဖွယ်အခမ်းအနားမှာ မက်ဆီက သူ့ရဲ့ကလပ်အသင်းသစ်ပရိသတ်တွေရှေ့မှောက် ထွက်ရှိလာပြီး အင်တာမီယာမီအသင်းကို အောင်မြင်မှုခေတ်သစ်ဆီ အရောက်ခေါ်ယူသွားလိုတဲ့ စိတ်ဆန္ဒတွေကို ဖွင့်ဟခဲ့ပါတယ်။

ကစားသမားမိတ်ဆက်ပွဲ အခမ်းအနားအတွင်း ပရိသတ်ကြီးဆီ မက်ဆီက “ကျေးဇူးအများကြီးတင်ပါတယ်။ ဦးဆုံးအနေနဲ့ အခုလို ကြိုဆိုမှုတွေ၊ ချစ်ခင်အားပေးမှုတွေအတွက် မီယာမီမှာရှိတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ခင်ဗျားတို့နဲ့အတူ ဒီနေရာမှာရှိနေခွင့်ရရှိလို့ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ အခုလိုကြိုဆိုအားပေးမှု အတွက် အင်တာမီယာမီ အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဟိုဆေးနဲ့ ဒေးဗစ်ဘက်ခမ်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့တွေက ကျွန်တော့်အတွက် အရာရာတိုင်းကို လွယ်ကူစေအောင် လုပ်ဆောင်ပေးနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒီအခမ်းအနားအတွင်း အင်တာမီယာမီအသင်းတာဝန်ရှိသူတွေက ကစားသမားသစ်မက်ဆီအပြင် ဘတ်စ်ကွက်ကိုလည်း အသင်းပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

Ref: Apple tv

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကံထူးရှင်အားကားသစ်ပေးအပ်ရန် မန္တလေးကိုရောက်ရှိနေတဲ့ ကိုကောင်းထက်ဇော်နဲ့ ပရီမီယာအဖွဲ့သားများ
Next post မင်္ဂလာရှိတဲ့အိမ်ကလေးFan Meeting လှည်းတန်းစင်တာမှာ ယနေ့ကျင်းပပြုလုပ်မည်