မြန်မာရှိနေရပ်စွန့်ခွာတိမ်းရှောင်နေရသူများအား ကုလအရေး ပေါ်ရန်ပုံငွေမှ ဒေါ်လာ ၇ သန်း ထောက်ပံ့ပေးမည် ဟုဆို

ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုရေးရာအကြီးအကဲ မာတင်ဂရစ်ဖ်ဖစ်သ် သည် မြန်မာနိုင်ငံရှိ တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများအတွက်ဗဟို အရေးပေါ် တုန့်ပြန်ရေး ရန်ပုံငွေ အဖွဲ့ (CERF) က ဒေါ်လာ ၇ သန်း ခွဲဝေပေးမည်ဟုသိရသည်။

မြန်မာနိုင်ငံ၌အောက်တိုဘာလနှောင်းပိုင်းမှစ၍တိုက်ပွဲများပြင်းထန်ခဲ့ရာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ရခိုင်ပြည်နယ်အပြင် အနောက်မြောက်နှင့် အရှေ့တောင်ဘက်အထိ တိုက်ပွဲများကျယ်ပြန့်လာသည်ဟု ကုလပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric ကပြောကြားခဲ့သည်။

လုံခြုံမှုမရှိ၊လက်လှမ်းမီမှုနှင့် ဆက်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများရှိနေသော်လည်း လိုအပ်သည့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာအကူအညီများအား တတ်နိုင်သမျှပံ့ပိုးပေးနေကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ကုလအနေဖြင့် စက်တင်ဘာလအကုန်အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးခဲ့သူဦးရေ အနည်းဆုံး ၂ ဒသမ ၅ သန်းကျော်အားကူညီပေးနိုင်ခဲ့ကြောင်းသိရသည်။

ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အနေဖြင့် အကူအညီလိုအပ်နေသူများအား ကူညီရေးအတွက် အခက်အခဲများရှိနေသည့်ကြားမှ မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာမှုအကူအညီကို နည်းလမ်းအမျိုးမျိုးသုံးကာ ကူညီ ပေးနေကြောင်းလည်းပြောကြားခဲ့သည်။

CERF ၏ ရန်ပုံငွေများသည် ပဋိပက္ခကြားထဲမှပြည်သူများ၏အသက်ကိုကယ်တင်နေသော လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းလည်း မစ္စတာ Martin Grififiths ကပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ဘဲ Market rate အတိုင်း ရောင်းချခွင့်ပြုမည်ဟု ဗဟိုဘဏ်ထုတ်ပြန်
Next post မြန်မာနိုင်ငံရဲ့ ပထမဆုံး JINPENG အမှတ်တံဆိပ် EV သုံးဘီးယာဥ်မိတ်ဆက်ပွဲ ကျင်းပ