နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ဘဲ Market rate အတိုင်း ရောင်းချခွင့်ပြုမည်ဟု ဗဟိုဘဏ်ထုတ်ပြန်


နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ဘဲ Market rate အတိုင်း ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။

နိုင်ငံခြား‌ငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) တွင် အ‌ရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည် မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့် နိုင်ငံခြားငွေအား ပြည်ပသို့ လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရန်ဖြစ်ကြောင်း အကြောင်းကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုရှားသမ္မတ ဗလာဒီမာပူတင်က နစက ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့အား ဘွဲ့တံဆိပ် ချီးမြှင့်
Next post မြန်မာရှိနေရပ်စွန့်ခွာတိမ်းရှောင်နေရသူများအား ကုလအရေး ပေါ်ရန်ပုံငွေမှ ဒေါ်လာ ၇ သန်း ထောက်ပံ့ပေးမည် ဟုဆို