မကြာခင် မင်္ဂလာပွဲ ကျင်းပတော့မယ့် မင်းသမီး အိချောပို

အမျိုးသားထုကြီးတစ်ခုလုံးရဲ့ စိတ်ဝင်စားခြင်းကိုခံရတဲ့ ခန္ဓာကိုယ်ကောက် ကြောင်းလှလှလေးနဲ့ မင်းသမီးချောလေး အိချောပိုရဲ့ မင်္ဂလာပွဲ မကြာခင်ကျင်းပတော့မှာလည်းဖြစ်ပြီး ဒီနေ့မှာ မင်္ဂလာဖိတ်စာက လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

“အချစ်ဆိုတာ လူတိုင်းမှာ ရှိတာပဲလေ။ ချစ်သူသက်တမ်း ၄ နှစ်ကျော်ရှိပြီဖြစ်ပြီး မကြာခင်က စေ့စပ်ထားတာလည်း ဖြစ်ပါတယ်။ နီးစပ်လာရင် စူစူက ပရိသတ်ကို အသိပေးမှာပါ။ စူစူက ပရိသတ်ကို အသိပေးပြီး အမြဲတမ်းလည်း ချပြနေကြဆိုတော့လေ။ နှစ်ယောက်သား သဘောကျလို့တွဲခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် အရမ်းနားလည်မှုရှိတယ်။ စူစူတို့လည်း အချစ်နဲ့မှမကင်းတာလေ”လို့ သရုပ်ဆောင် အိချောပိုက ပွဲတစ်ခုမှာပြောခဲ့ပါတယ်။

သူမဟာ ပရိသတ်တွေနဲ့ အမျိုးသားထုကြီးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက အနမ်းခြွေတဲ့ပုံလေးနဲ့ အလင်းပြခဲ့သလို ချစ်သူသက်တမ်းကလည်း ၄ နှစ်ကျော်ရှိခဲ့တဲ့ အမျိုးသားဖြစ်သူ Moses Mone နဲ့ လာမယ့် နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းမှာ Phuket Marriott Resort & Spa Nai Yang Beach မှာ မင်္ဂလာပွဲ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံမှာ ကိုးလအတွင်း ယာဥ်တိုက်မှုကြောင့် နှစ်ထောင် နီးပါးသေဆုံး
Next post ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2023 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် အိအိမြင့်အောင်သိန်း ဝင်ရောက်ယှဥ်ပြိုင်မည်