မြန်မာနိုင်ငံမှာ ကိုးလအတွင်း ယာဥ်တိုက်မှုကြောင့် နှစ်ထောင် နီးပါးသေဆုံး

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း ယာဥ်တိုက်မှုကြောင့် လူဦးရေ နှစ်ထောင် နီးပါး (၁,၈၆၄ ဦး) သေဆုံးခဲ့တယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနစာရင်းမှာ ဖော်ပြထားပါတယ်။ဒီစာရင်းတွေ ဟာ တိုင်းနဲ့ပြည်နယ် အားလုံးအပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာဖြစ်ခဲ့တဲ့ ယာဥ်တိုက်မှု အားလုံးကိုပါ အခြေခံထား တယ်လို့ ဆိုပါတယ်။

ကိုးလအတွင်းမှာ ယာဥ်တိုက်မှု အကြိမ်ရေ (၃,၆၃၄) ကြိမ်ဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူ ၄,၉၉၃ ဦးနဲ့ သေဆုံးသူ ၁,၈၆၄ ဦးရှိခဲ့တာလို့ ဖော်ပြထားပါတယ်။ ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေအထဲမှာ ရန်ကုန်တိုင်းက ၃၁၉ ဦးနဲ့အများဆုံးဖြစ်ပြီး ရှမ်းပြည် နယ်က ၂၆၃ ဦးနဲ့ဒုတိယ၊ မန္တလေးတိုင်းက ၂၅၃ ဦးနဲ့ တတိယအများဆုံး သေဆုံးခဲ့တာပါ။

“ယာဥ်တိုက်မှု ထိခိုက်သေဆုံးစာရင်းကတော့ မြေပြင်ကအခြေအနေက ပိုများမှာပေါ့။ လူဦးရေထူထပ်လာတာနဲ့အမျှ ကားအသုံးပြုသူတွေလည်းများလာသလို မဆင်မခြင် မောင်းနှင်မှုတွေကြောင့်လည်း ပါမှာပါ” ဟု ကားပွဲစားအသိုင်းအဝိုင်းက သိရှိရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလက စက်တင်ဘာလအထိ ကိုးလအတွင်းမှာတော့ ယာဥ်တိုက်မှု ၄,၂၈၄ ခု ဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူ ၅,၉၁၁ ဦးနဲ့ သေဆုံးသူ ၂,၁၀၂ ဦးရှိခဲ့တာလို့ ဆိုပါတယ်။

____________

ရန်ကုန် – မန္တလေးအမြန်လမ်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ဒို့ညီနောင် ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာမှ ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်နေစဉ်။ (Photo: Myanmar Fire Services Department)

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပဲခူးမြို့ ရေကြီးရေလျှံမှုအတွက် ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တဲ့ ဝေဠုကျော်နဲ့ ရေကြည်ချမ်းမြ
Next post မကြာခင် မင်္ဂလာပွဲ ကျင်းပတော့မယ့် မင်းသမီး အိချောပို