နစက ဒု-ဉက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ   ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အစည်းအဝေး ခန်းမ၌ကျင်းပပြု လုပ်ရာ National Database  စနစ်တည်ဆောက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

နစက ဒုဥက္ကဋ္ဌ ပြောကြားရာတွင် National Database စနစ် တည်ဆောက်ရေးဦးဆောင်ကော်မတီ၏ လုပ်ငန်း တာဝန်များသည် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မူဝါဒများ ချမှတ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဆောင်ရွက် အကောင်အထည်ဖော်ရန် ကြီးကြပ်လမ်းညွှန်ခြင်း၊ e-ID စနစ်အတွက် လိုအပ်သည့် နည်းလမ်းရရှိရန်အတွက် G to G ရရှိနိုင်ရေး ကူညီ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်လုံခြုံရေးအရ ပြည်ပကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အစိုးရများမှ တိုက်ရိုက်ဝင် ရောက်လုပ်ဆောင်မှုများ ဖြစ်ပေါ်ခြင်းမရှိစေရန် ကြီးကြပ်ခြင်း၊ နည်းပညာကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ် ရရှိရေး ဖြည့်တင်းဆောင်ရွက် ပေးခြင်းတို့ပင်ဖြစ်ကြောင်း။  

  မြန်မာနိုင်ငံတွင် e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် အချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်ခြင်း၊ e-Government အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ခြင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင် တည်ငြိမ်အေးချမ်းရေးတို့ကို ပိုမို လွယ်ကူ စွာ တည်ဆောက်နိုင်ခြင်း၊ လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ အတွက် အထောက်အကူပြုနိုင်ခြင်း၊ စာရွက်အခြေပြု   (Paper-Based) စနစ်များ လျှော့ချနိုင်ခြင်း၊ National ID ၏ အခြေခံလုပ်ငန်း စဉ်ဖြစ်ပြီး နိုင်ငံတကာသုံးစနစ်များဖြင့် လွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်ခြင်း၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ကူးပြောင်းရာတွင် အခြေခံအုတ်မြစ်ဖြစ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်စည်းကြပ် ရေးနှင့် အခြားသောဌာနဆိုင်ရာများမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို လွယ်ကူစွာ ဝန်ဆောင်မှုပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို  ပြည်သူများရရှိမည်ဖြစ်ကြောင်း။

e-Government ဆိုသည်မှာ ထိရောက် မြန်ဆန်လုံခြုံသည့် ကွန်ပျူတာစနစ်များကို အသုံးပြုပြီး အများပြည်သူအတွက် မြန်ဆန်တိုးတက်သည့် ဝန်ဆောင်မှုများကို နိုင်ငံတော်အစိုးရက ပြည်သူကို ဝန်ဆောင်မှုပေးခြင်းပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်နှင့် မန္တလေးတို့တွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ဖြည့်ဆည်းရန် MEC နှင့် ဦးပိုင်ကုမ္ပဏီတို့ကို တာဝန်ပေးအပ်ထားကြောင်းနစကဥက္ကဋ္ဌ ပြောကြား
Next post ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့ နံနက်(၇:၀၀)နာရီ အချိန် ထုတ်ပြန်ချက်