ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်ခဲ့သည့် လုပ်ငန်းကို ပြန်လည်ဦးစီးလုပ်ကိုင်တော့မယ့် သရုပ်ဆောင်ချမ်းမေမြတ်နိုး

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ အနုပညာလောက စရောက်ကတည်းက လိမ္မာတဲ့ သမီးနေရာ၊ မိသားစု အတွက် အနစ်နာခံတဲ့ ဇာတ်ရုပ်တွေ ရိုက်ကူးတာများသော အဆိုပိုင်းပါ ရသော သရုပ်ဆောင် ချမ်းမေမြတ်နိုး သည် အခုအခါမှာ အနုပညာအလုပ်တွေ ရပ်နားပြီး ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းဖြစ်သော ဖိနပ်ထုတ်လုပ်ရေးနှင့် ရောင်းချရေးလုပ်ငန်းကို ပြန်လည်ဦးစီးလုပ်ကိုင်တော့မည်လို့ သူ၏ လူမှုကွန်ယက်ကနေ ဖော်ပြလာပါတယ်။

မကြာသေးမီကလည်း ငွေသွန်းကြယ် ဖိနပ်ဆိုင်နှင့် စတိုးဆိုင် ဖွင့်ပွဲကို စက်တာဘာလ ၁၆ ရက်နေ့က မန္တလေးမြို့ ၇၃ လမ်း ၄၀ x ၄၁ လမ်းကြားမှာ ပြုလုပ်ခဲ့သော ပုံရိပ်များကိုလည်း မျှဝေထားပါတယ်။ ငွေသွန်းကြယ်ဖိနပ်ဆိုင်မှာ ဘိုးဘွားလက်ထက် ကတည်းကထုတ်လုပ်ရောင်းချခဲ့ပြီး စီးဖူးသူတိုင်းကြိုက်နှစ်သက်ပြီးထပ်ကာထပ်ကာမှာစီးကြတဲ့ ဆင်ခြောက်ကောင် အမျိုးသား/အမျိုးသမီးစီး သားရေဖိနပ်စစ်စစ်များနဲ့စွယ်စုံဆင်ဖိနပ် များကို လက်လီလက်ကားဝယ်ယူနိုင်ပြီး နယ်အမှာ များကိုလည်း onlineမှ မှာယူနိုင်ပြီးကားဂိတ်အရောက်ပို့စနစ်နဲ့ရောင်းချပေးတယ်လို့သိရပါတယ်။

“ဆင်ခြောက်ကောင်”ဖိနပ်တိုက်မှ ထုတ်လုပ်သော ရှေးမူမပျက်လူကြိုက်များတဲ့ ကတ္တီပါဖိနပ်များကို စိန်ကတ္တီပါသားကို သုံးထားတဲ့အတွက် စီးလိုက်တဲ့အခါ နူးညံ့တဲ့ ခံအထိအတွေ့ရရှိနိုင်တဲ့အပြင် ရိုးရှင်းတဲ့ ဖိနပ်ဒီဇိုင်းခိုင်ခံ့သေသပ်သော လက်ရာ ဖြစ်တာကြောင့် အဝတ်စားမရွေးလိုက်ဖက်သော အရောင်များ စိတ်ကြိုက်မှာယူနိုင်ပါတယ်။ အမြို့မြို့၊ အနယ်နယ်မှ လက်ကားကုန်သည်ကြီးများ မှာယူနိုင်သလို Royal Express ရောက်တဲ့မြို့တွေအကုန်အိမ်အရောက်ပို့ပေးပြီး ကားဂိတ်မှ တဆင့်ပို့ဆောင်ရမည်ဆိုပါက ဂိတ်ချခ ထပ်ပေါင်းပေးရမှာဖြစ်တယ်လို့သိရပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပုသိမ်ထောင်တွင်းမှာ ဆူပူဆန္ဒပြခဲ့ကြတဲ့ အကျဥ်းသား ၃၇ ဦးကို ထောင် ၆ နှစ်စီ ထပ်မံအမိန့်ချ
Next post နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းပြီး အပြောင်းအလဲပြုလုပ်